တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း တို့အကြာင်း သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မည်။ နှစ်မျိုးလုံးသည် ခြေဖနောင့်နာခြင်းကို ဖြစ်စေနိုင်ပါသည်။

 

ထို့ကြောင့် သင့်ခြေဖနောင့်များ နာနေလျှင် ဘာကို စဉ်းစားမလဲ။

ယခုဆောင်းပါးတွင် ထိုအခြေအနေ ၂ မျိုး၏ ကွာခြားချက်များကို ဖော်ပြထားပါသည်။

 

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း

ဖြစ်နိုင်သော နေရာများ

တွယ်ဆက်တစ်သျူးအလွှာသည် ခြေဖဝါးနှင့် ခြေချောင်းများအထိ ဖြန့်ကျက်လျက်ရှိသော တစ်သျူးပြင် ဖြစ်ပါသည်။ ထိုတစ်သျူးလွှာသည် ခြေအခုံးကိုလည်း ထောက်ပံ့ပေးပါသည်။

 

လက္ခဏာများ

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း၏ အဓိက လက္ခဏာမှာခြေဖဝါးများ နာခြင်းဖြစ်ပါသည်။ ခြေဖနောင့် အနားတွင် ပိုနာတတ်ပါသည်။ နာကျင်မှုသည် မနက်အိပ်ရာထချိန် လမ်းစလျှောက်ချိန်တွင် အဆိုးဆုံးဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်းတို့ ပြုလုပ်ပြီးလျှင် ပိုနာပါသည်။
လေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင်မူ မနာကျင်ပါ။

 

အကြောင်းများ

တွယ်ဆက်တစ်သျူးအလွှာသည် ဒဏ်မဖြစ်အောင် လေးကိုင်းသဖွယ် ကာပေးသော အလွှာဖြစ်ပါသည်။ သို့သော် ထိုပေါ်သို့ ဖိအားသက်ရောက်မှုများလာသောအခါ ရောင်ရမ်းပြီး နာကျင်မှုအပြင် အောက်ပါတို့လည်း ခံစားရနိုင်ပါသည်။

 

•       လမ်းလျှောက်ပုံ မမှန်ခြင်း (လမ်းလျှောက်လျှင် ခြေဖဝါးသည် အတွင်းဖက်သို့ ခွင်နေခြင်း)

 

•       ခြေအခုံးပိုမြင့်နေခြင်း သို့မဟုတ် ပြားနေခြင်း

 

•       မာသော ကြမ်းပြင်များပေါ်တွင် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ ပြေးခြင်း၊ မိမိခြေထောက်နှင့် မတော်သော ရှုးဖိနပ်များစီးခြင်းတို့ကြောင့် တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း ဖြစ်နိုင်ပါသည်။

 

ကုသမှု

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းကို အနားယူခြင်း၊ ရေခဲကပ်ခြင်းများဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါသည်။ ထို့ပြင် အောက်ပါ ကုထုံးများကိုလည်း ဆရာဝန်က ထောက်ခံချက်ပေးပါလိမ့်မည်။

 

•       အနာသက်သာစေသော ဆေးများ

Ibuprofen , naproxen sodium စသည့်ဆေးများသည် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို သက်သာစေပါသည်။

 

•       ကုထုံးများ

လေ့ကျင့်ခန်း လုပ်ခြင်း၊ ညဘက်တွင် အစည်းများစည်းခြင်း၊ အရိုးစည်းကုသမှုများ လုပ်ခြင်းတို့သည် အရွတ်များကို အားကောင်းလာစေပြီး ခြေဖနောင့်ပေါ်တွင် ဖိအားသက်ရောက်မှုကို နည်းစေပါသည်။

 

•       ခွဲစိတ်ခြင်းနှင့် အခြား ကုသမှုများ

အထက်ပါ ကုသမှုများနှင့် အဆင်မပြေလျှင်  အခြားသော နည်းများဖြင့် ကုသနိုင်ပါသည်။

 

နာကျင်မှုသက်သာစေသော ဆေးများ ထိုးခြင်း၊ ဒဏ်ဖြစ်သော နေရာတွင် အနာကျက်စေရန် လှိုင်းဖြင့် ကုသခြင်း၊ ခွဲစိတ်ပြီး ဒဏ်ဖြစ်နေသော အရွတ်ကို အရိုးမှ ခွာချခြင်း စသည့်ကုသမှုများကို ခံယူနိုင်ပါသည်။

 

အရွတ်ရောင်ခြင်း

ဖြစ်နိုင်သော နေရာများ

အရွတ်ဆိုသည်မှာ အရိုးများနှင့် ကြွက်သားများကို တွယ်ဆက်ထားသော တစ်သျူးများဖြစ်ပါသည်။ အရွတ်ရောင်ခြင်းဖြင့် ခြေဖနောင့်၊ ပခုံး၊ လက်ကောက်ဝတ်နှင့် ဒူးတို့ကို ထိခိုက်စေနိုင်ပါသည်။

 

လက္ခဏာများ

အရွတ်ရောင်ခြင်း၏ အဓိက လက္ခဏာမှာ

•       အရွတ်ရောင်သည့် နေရာတွင် နာကျင်ခြင်း

•       ဖောရောင်ခြင်း

•       တောင့်တင်းခြင်း၊ မလှုပ်ရှားနိုင်ခြင်း

•       အားနည်းခြင်း

•       အရွတ်ရောင်သည့် နေရာတွင် ပူနွေးနေခြင်း တို့ဖြစ်ပါသည်။

အထက်ပါ လက္ခဏာများကြောင့် သင့်နေစဉ် အလုပ်ကို ထိခိုက်လာလျှင် ဆရာဝန်ထံ သွားပြသင့်ပါသည်။

 

အကြောင်းများ

အောက်ပါ အကြောင်းများကြောင့် အရွတ်ရောင်ခြင်း ဖြစ်ရပါသည်။

 

•       လှုပ်ရှားမှုများလွန်းခြင်းကြောင့် အရွတ်များ ကို အလွန်အမင်း အသုံးပြုရသဖြင့် ဒဏ်ဖြစ်စေနိုင်ပါသည်။

•       ခြေဖနောင့် အတက်ထွက်ခြင်း

•       အရွတ်နေရာတွင် ကယ်လ်ဆီယမ်ဓာတ်များ စုပုံလာခြင်း

•       ခုန်ခြင်း၊ ပြေးခြင်း၊ ခါးလိမ်ခြင်း စသည့်အားကစားများ၊ လှုပ်ရှားမှုများ ပြုလုပ်ရခြင်း

•       အဝလွန်ခြင်း

•       ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်း၊ ပြင်ပြင်းထန်ထန် လေ့ကျင့်ခြင်း

•       အလေးမခြင်း

 

ကုသမှု

အရွတ်ရောင်ခြင်းကို ကုသရခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုနှင့် ရောင်ရမ်းမှုများကို သက်သာစေရန် ဖြစ်ပါသည်။

 

အောက်ပါတို့သည် ကုသမှုနည်းလမ်းများဖြစ်ပါသည်။

 

•       ဆေးများ

စသည့် အနာပျောက်ဆေးများနှင့်  အရောင်ကျ လိမ်းဆေးများကို ဆရာဝန်က ညွှန်ကြားပါလိမ့်မည် ။ နာတာရှည် အရွတ်ရောင်ခြင်းများတွင် အရွတ်များ အတွင်းသို့ အရောင်ကျဆေးများ ထိုးရနိုင်ပါသည်။

 

•       ကုထုံးများ

ကြွက်သားများနှင့် အရွတ်များကို ဆန့်ထုတ်သော ၊ သန်မာစေသောလေ့ကျင့်ခန်းများက နာကျင်မှုကို သက်သာစေပါသည်။

 

•       ကိုယ်အလေးချိန် လျှော့ချခြင်း

ကိုယ်အလေးချိန် များလွန်းလျှင် အရွတ်များပေါ်သို့ ဖိအားသက်ရောက်မှုများကာ ဒဏ်ဖြစ်စေနိုင်ပါသည်။

 

အချုပ်ဆိုရသော် တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း နှစ်မျိုးစလုံးသည် အရိုးများနှင့် ကြွက်သားများကို တွယ်ဆက်ထားသော တစ်သျူးများ တွင် ဖြစ်သော ပြသနာများ ဖြစ်ပါသည်။ သို့သော် ထိုအခြေအနေနှစ်မျိုးတွင် ကွဲပြားမှုများ ရှိနေခြင်းကြောင့် ခွဲခြားသိမြင်ပြီး ထိရောက်သော ကုသမှုများ ခံယူရန် အရေးကြီးပါသည်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_35.jpg