ရန်ကုန်  ၁၅   ဒီဇင်ဘာ

 

U – Matic တိပ်ရုပ်ရှင်သုံးကားအား ဒီဂျစ်တယ်သို့ ကူးပြောင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာ သင်တန်းခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် SAVE  MYANMAR  FILM မှ ဦးဥက္ကာနှင့် ဦးဇော်ဝင်းထွေးတို့က ရုပ်ရှင်ဖလင် တိတ်ခွေများအား ခေတ်မီနည်းစနစ်များနှင့်အညီ ဒီဂျစ်တယ်သို့ ကူးပြောင်းရာတွင် သိသင့်သိထိုက်သည့် နည်းပညာများကို ဆွေးနွေးပို့ချရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြင်ပမှ ရုပ်ရှင်ထိန်းသိမ်းရေး စိတ်ဝင်စားသူလူငယ်များ တက်ရောက်ကြသည်။

 

ထို့ပြင် U –Matic တိပ်မှ မှိုကင်းစင်၍ ဒီဂျစ်တယ်သို့ ကူးပြောင်းရန် သင့်တော်သည့်  ဗိမ္မသာရ၊ ဗိုလ်ကာတွန်းနှင့် သတင်းကား  စသည့် ရုပ်ရှင်ကား ၃ ကားကို ဒီဂျစ်တယ်သို့ ကူးပြောင်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဝင်းမော်