မန္တလေး ၁၅ အောက်တိုဘာ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနဲ့ ၁၃၁ လမ်းထောင့်မှာရှိတဲ့ UAB ဘဏ်တွင် ယနေ့ညနေ ၄ နာရီခွဲခန့်က ဓားပြတိုက်ခံရမှုဖြစ်ခဲ့ပြီး ဓားပြတိုက်သူဟာ စီးလာတဲ့ကားကို ၆၉ လမ်းနဲ့ ၇၀ လမ်းကြား ၁၁၄ လမ်းမှာထားပြီး ထွက်ပြေးသွားကြောင်း သိရသည်။
“ည ၆ နာရီဝန်းကျင်က ကားကိုတွေ့တယ်။ ကားနံပါတ်ရော ကားရောမှန်တယ်။ ကျူးလွန်သူကိုတော့ သက်ဆိုင်ရာက ဖမ်းဆီးရရှိဖို့အရေး ဆောင်ရွက်နေပါတယ်” ဟု ဆရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်က ပြောသည်။
ယနေ့ ညနေ ၄ နာရီခွဲခန့်က သေနတ်နှင့် လက်ထိတ်ပါ အမျိုးသားတစ်ဦးသည် ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ငွေကျပ်သိန်း ၂၀၀ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားဟာ မက်စ်တူးနိုင်းနိုင်း အဖြူရောင်ကားပေါ်မှ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ဆင်းလာကာ ဘဏ်မှာ ငွေထုတ်မည်ဟုပြောဆိုကာ သေနတ်ပြ၍ ငွေတောင်းယူသွားတာ ဖြစ်သည်ဟု ဘဏ်ဝန်ထမ်းများက ပြောကြောင်း စစ်ဆေးချက်များအရ သိရသည်။
ဖြိုးအိ