တံတားဦး   ၃၀    ဇွန်

 

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု ဥမှင်ကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေဂါလန် (၅၀၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

 

တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ  သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက်  ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပေးသည့်အပြင် ကျေးရွာချင်း ဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ယခုတူးဖော်ပေးသည့် ဥမှင်ကျေးရွာစက်ရေတွင်းသည် ၄လက်မ တွင်းတိမ်တွင်းပေါင်း(၅)တွင်း၊ ရေဂါလန် (၂၄၀၀)ဆံ့ အလျား(၁၀)ပေ အနံ(၈)ပေ၊ အမြင့်(၈)ပေရှိ ရေစက်ရုံ တစ်ရုံနှင့် ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်မှ ၂လက်မ PVC ရေပိုက်အရှည် (၁၁၇၃၆)ပေအား သွယ်တန်းခြင်းများပါဝင်ပါကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပါက ဥမှင်ကျေးရွာရှိ အိမ်ခြေ(၂၀၅)အိမ်ကို သောက်သုံရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ကုန်ကျငွေအားဖြင့် ငွေကျပ်သန်းပေါင်း(၃၇.၉၃၃၅)ဖြစ်ကြောင်း တံတားဦးမြို့နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၆)ရွာ ဆောင်ရွက် မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၏ ပြောကြားချက်အရသိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)