mdn

နေပြည်တော် ၂၃ အောက်တိုဘာ

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူများအကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဉီး သေကျေခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်တွင် -၁၀-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူများအကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဉီး သေကျေခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်းကို ၁၄-၁၀-၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါကြောင်း။

 

တပ်မတော်သားများအနေဖြင့် ကလေးသူငယ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိစေရေးအတွက် ကလေးသူငယ်အခွင့်အရေး ဉပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဉပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ဖောက်ဖျက်ကျူးလွန်မှု မရှိစေရေးအတွက်လည်း ကွပ်ကဲမှုအလိုက် ကြပ်မတ်ဆောင်ရွက်ရန်တို့ကို ၂၂--၂၀၂၀ ရက်နေ့တွင် ညွှန်ကြားထားရှိပြီး ဖြစ်ပါကြောင်း။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ UNCTFMR က သတင်းမထုတ်ပြန်မီကပင် တပ်မတော်အနေဖြင့် ကနဉီး စိစစ်ချက်များပြုလုပ်ခဲ့ပြီး ကနဉီး စိစစ်တင်ပြချက်အပေါ် ဖြစ်စဉ်မှန်ကန်တိကျမှု ရှိ / မရှိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အသေးစိတ်စုံစမ်းစစ်ဆေးဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကိုလည်း ဆက်လက်သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

သတင်းစဉ်