မိုင်းရှူး  ၃၁   အောက်တိုဘာ             

 

ကလေးများ မြန်မာစာပေနှင့် တိုင်းရင်းသား လူမျိုးများ၏ ချစ်စရာရိုးရာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များကို လေ့လာနိုင်ရန် ရည်ရွယ်၍ UNICEF မြန်မာမှ မြန်မာနိုင်ငံအတွင်း နေထိုင်ကြ သည့် သွေးချင်းများ ဖြစ်သည့် ပေါင်းညွမ်နာဂ၊အဆန် (ခေါင်စို)၊ လီခခ်၊တောင်ရိုး၊ ရုန်းတူ၊ ပိုးကရင်၊ ခမီ၊အင်းသား၊ မြို၊ဂုံရှမ်း၊ လူရှိုင်း၊ တိုင်းလုံတို့အပါအဝင် တိုင်းရင်းသား လူမျိုး(၂၅) မျိုးတို့၏ စာပေနှင့်ရိုးရာ ပုံပြင်များကို တစ်နေရာတည်းတွင် ဖတ်ရှုနိုင်ရန်အတွက် တစ်ဘာသာလျှင် (၁၀)အုပ် နှုန်းဖြင့် စုစုပေါင်း (၂၅၀)အုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်၊မြို့နယ်/မြို့ရုံးပြည်သူ့ စာကြည့်တိုက်များသို့ လှူဒါန်းပေးပို့ခဲ့သည်။

 

အဆိုပါ စာအုပ်များကို မိုင်းရှူးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ UNICEF(မြန်မာ)မှ လှူဒါန်းသည့် အဆိုပါ တိုင်းရင်းသား ရိုးရာပုံပြင်စာအုပ်များအား ကလေးများသာမက လူကြီးများကပါ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြောင်းနှင့် စာပေဝါသနာရှင်တစ်ဦးဖြစ်သူ ဦးကျော်မင်းလှိုင်က "စာကြည့်တိုက်မှာ ဒီလိုတိုင်းရင်းသားရိုးရာ ပုံပြင်စာအုပ် ထားရှိပေးတာအဆင်ပြေတယ်။ ဒီစာအုပ် တွေဖတ်ရှုခြင်းအားဖြင့် တိုင်းရင်းသားများရဲ့ စာပေအရေးအသားနှင့် ရိုးရာပုံပြင်လေးတွေ သိရတယ်။အထူးသဖြင့် ကလေးတွေအတွက် ဗဟုသုတများစွာရရှိစေတယ်" ဟု ပြောသည်။

 

မြို့နယ်ပြန်/ဆက်