မြို့သစ် ၂၉   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် UNICEF(မြန်မာ)မှ ပေးပို့ လှူဒါန်း သော တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များအား အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။

 

အဆိုပါ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များသည် မြန်မာနိုင်ငံအတွင်း‌ နေထိုင်ကြသောတိုင်းရင်းသား လူမျိုးများ၏ ပညာပေးပုံပြင်များကို  တိုင်းရင်းသား ဘာသာစကား၊မြန်မာဘာသာစကားတို့ဖြင့် ရိုက်နှိပ် ထားပြီး တိုင်းရင်းသားပုံပြင်(၂၅)မျိုးကို တစ်ဘာသာလျှင် (၁၀)အုပ်နှုန်းဖြင့်  အုပ်ရေ(၂၅၀)ကို  UNICEF (မြန်မာ)မှ လှူဒါန်းထားရာ မြို့သစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မည်သူမဆို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရေး စီစဉ်ထားရှိပြီး၊  ကလေး စာဖတ်ခန်းတွင်လည်း စင်တင်စနစ်ဖြင့် ထားရှိကာ လာရောက်ဖတ်ရှုနိုင်ကြောင်း မြို့သစ်မြို့၊ ပြန်/ဆက်ဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဦးအောင်ကိုဝင်းက ပြောကြားသည်။

 

၁

 

အဆိုပါ တိုင်းရင်းသားပုံပြင်စာအုပ်များတွင် အသက်ငါးနှစ်အောက် ကလေးငယ်များ စာပေချစ်မြတ်နိုး စိတ်နှင့် တိုင်းရင်းသား ကလေးငယ်များအတွက် မိခင်ဘာသာစကား တတ်မြောက်မှုမြင့်မားလာစေရန်၊ မြန်မာစာ မြန်မာစကားကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်း ရင်းသားစာပေများကို မြန်မာဘာသာသို့ ပြန်ဆိုထားကာ ရုပ်ပြကာတွန်းများဖြင့် သရုပ်ဖော် ထားပြီး တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်(၂၅၀)အား UNICEF(မြန်မာ)မှ အခမဲ့ ပေးပို့လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

 

ထွန်းမင်းအောင်(ကဘော်မြေ)