ကျိုင်းတုံ  ၂၉  မေ

 

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အကူပြုစေသော ငွေကျပ် ၈၅ သိန်းတန်ဖိုးရှိ လက်ဆေးဘေစင် (၁၀၀)ခုကို UNICEFF တောင်ကြီးရုံးခွဲက ယနေ့ နံနက်ပိုင်းက ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ရန်ပုံငွေရှာဖွေရေးအဖွဲ့သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းရရှိသော လက်ဆေးဘေစင်များကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အမှတ်(၂) ချစ်ကြည်ရေးတံတား၊ မိုးကုတ်ရိပ်သာ Quarantine Center ဝမ်ပုံဆိပ်ကမ်း၊ မိုင်းယုမြို့ ကျိန်းရဲတံတားနှင့် မိုင်းယောင်းဈေးများတွင် တပ်ဆင် အသုံးပြုရန် (၂၅)ခု၊ မိုင်းယန်းမြို့နယ်အဝင် ဆီလူးဂိတ်နှင့် အထူးဒေသ(၂) အဝင်တို့တွင်တပ်ဆင်ရန် (၁၇)ခု၊ ကျိုင်းတုံခရိုင် အတွင်းရှိ ပရဟိတဂေဟာ၊ မြို့မဈေးကြီးနှင့် Quarantine Center ၊ ကျိုင်းတုံကိုယ်ပွားသတင်းစာတိုက်၊ ကျိုင်းတုံ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တို့တွင် တပ်ဆင်ပေးသွားမည် ဖြစ်သည်။ 

 

ဆက်လက်၍ လှူဒါန်းရရှိသော လက်ဆေးဘေစင်များကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ရန်ပုံငွေရှာဖွေရေးအဖွဲ့ဉက္ဏဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ နေရာများအရောက် သွားရောက်လှူဒါန်း တပ်ဆင်ပေးလျက်ရှိသည်။

 

UNICEFF တောင်ကြီးရုံးခွဲက ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဧပြီလမှစတင်၍ လက်ဆေးဘေစင်များ လှူဒါန်းခဲ့ရာ ယနေ့အထိ (၃၀၀)ခုရှိပြီဖြစ်ကြောင်း သိရသည်။

 

ငုချိုချိုကျော်(ပြန်/ဆက်)