နေပြည်တော် ၁၁ ဖေဖော်ဝါရီ

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိအဆင့်- မွမ်းမံသင်တန်းအမှတ်စဉ်(၃၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တရားစွဲနှင့် အမှုလိုက် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်သည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ဥပဒေအရ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးကြရမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းတာဝန်များကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းများ အောင်မြင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဥပဒေအကြံပေးရာတွင် အဂတိတရားဖြင့် ဆောင်ရွက်ခြင်းမပြုရန် လိုအပ်ပါကြောင်း၊ တာဝန်ထမ်းဆောင်ကြရာတွင် ခံယူချက်နှင့် ကိုယ်ကျင့်တရားများ ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ်နှင့်  ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာ ကြရမည်ဖြစ်ကြောင်းနှင့် ဥပဒေများကိုအမြဲလေ့လာ ဆည်းပူးကြရန် လိုအပ်ပါကြောင်း မှာကြားသည်။         

 

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသား၊ သင်တန်းသူ ဦးအား ဆုများ ချီးမြှင့်ခဲ့သည်။

 

သတင်းစဉ်