နေပြည်တော် မေ ၂၁
ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအရာရှိအဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် ၁/၂၀၂၃ ၏ သရုပ်ပြတရားခွင်ကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာ န၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး သရုပ်ပြတရားခွင်သို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၁၀၀ တက်ရောက်သည်။
သရုပ်ပြတရားခွင်သို့ တက်ရောက်ချီးမြှင့်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က သရုပ်ပြတရားခွင်သည် ဥပဒေအရာရှိများ လက်တွေ့လုပ်ငန်းခွင်တွင် အမှုလိုက်ပါဆောင်ရွက်ရာ၌ တွေ့ကြုံရမည့်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်စေရန်နှင့် သင်တန်းကာလတစ်လျောက် ပို့ချခဲ့သည့် တရားစွဲနှင့် အမှုလိုက်ပညာရပ်များကို လက်တွေ့လုပ်ငန်းတွင် မည်ကဲ့သို့ပြန်လည်အသုံးချ ရသည်ကို သရုပ်ပြသခြင်းဖြစ်ကြောင်း၊ သင်တန်းပို့ချချက်များနှင့် သရုပ်ပြတရားခွင် လေ့လာဆောင်ရွက်ခြင်းတို့မှ ရရှိသည့်အတွေ့အကြုံများသည် လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်မည် မျှော်လင့်ပါကြောင်း၊ သရုပ်ပြသဆောင်ရွက် ပေးကြသည့် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဥပဒေအရာရှိများကိုလည်း ကျေးဇူးတင်ပါ ကြောင်း ပြောကြားသည်။
ဥပဒေရေးရာဝန်ကြီးဌာနတွင် ဥပဒေအရာရှိအဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် ၁/၂၀၂၃ ကို သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဖြင့်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ သင်တန်းတွင်သင်ကြားပို့ချခဲ့ပြီးဖြစ်သည့် ဥပဒေပညာရပ်များကို လက်တွေ့ အသုံးချဆောင်ရွက်ပုံများ သိရှိလေ့လာနိုင်စေရန်နှင့် သင်တန်းသားများ တရားခွင်အတွေ့အကြုံ ရရှိစေရန်ရည်ရွယ်၍ သရုပ်ပြတရားခွင်ကို ဥပဒေရေးရာဝန် ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့်ကျက်သည့် ဥပဒေအရာရှိကြီးများက ကိုယ်တိုင်ပါဝင်သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် သရုပ်ပြတရားခွင်ကို ကြည့်ရှုလေ့လာပြီးနောက် ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်) သင်တန်းသား၊ သင်တန်းသူများကိုယ်တိုင်ပါဝင်သည့် သရုပ်ပြတရားခွင်များကို ဆက်လက်ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်