နေပြည်တော် ၁၂ မေ
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့် မလျော်ညီစွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည့် Video ဖိုင်တစ်ခု ပျံ့နှံ့လျက်ရှိကြောင်း။
အဆိုပါ Video ဖိုင်ပါ ဖြစ်စဉ်များအား စိစစ်ခဲ့ရာတွင် ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများ ဒေသခံများအသွင်ဖြင့် စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေး ဆောင်ရွက်ခဲ့စဉ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသူ အမျိုးသား ၅ ဦးအား ထိန်းသိမ်း၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း။
၎င်းအမျိုးသား ၅ ဦးကို ထပ်မံစစ်ဆေးမှုများပြုလုပ်ရန်နှင့် တရားဥပဒေအရ တရားစွဲဆိုမှုများ ပြုလုပ်နိုင်ရေး ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်စဉ် အစောင့်အဖြစ် လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် Video ဖိုင်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိရကြောင်း။
ထိုသို့ ဥပဒေနှင့် မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအား စစ်စည်းကမ်းအရ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်