နေပြည်တော် ဖေဖော်ဝါရီ ၁၅

 

ဥပဒေရေးရာအသိပညာပေး ဟော‌ပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ Naypyitaw State Academy  ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုး အောင်က ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေးက ပြစ်မှုဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟော‌ပြောသည်။

 

အဆိုပါ ‌ဟောပြောပွဲသို့ Naypyitaw State Academy  ဒုတိယ ပါမောက္ခချုပ်(သင်တန်း) ဒေါက်တာ စိုးစိုးအောင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)