နေပြည်တော် ဇူလိုင် ၂၇

ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေသုတေသနအဖွဲ့ (တတိယအကြိမ်) စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး က ဥပဒေရေးရာဝန်ကြီးဌာနရှိ ဥပဒေသုတေသနအဖွဲ့များ သည် ၂၀၂၂ ခုနှစ်အတွင်း စာတမ်း ၁၂ စောင်ကို ရေးသားပြုစုနိုင်ခဲ့ပါကြောင်း၊ ၎င်းတို့ ရေးသားပြုစုခဲ့သည့် စာတမ်းများကို လုပ်ငန်းအဖွဲ့ ၆ ဖွဲ့က လစဉ် အလှည့်ကျဖတ်ကြားလာခဲ့ရာ ယခုစာတမ်းဖတ်ပွဲမှာ တတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စာတမ်း ဖတ်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ဥပဒေရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေကြသော အရာ ထမ်းများကို  ဥပဒေအသိပညာများ တိုးတက်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် အရည်အသွေး မြင့်မားစေရန်၊ စာတမ်းဖတ်ပွဲ အတွေ့အကြုံများ ရရှိစေရန်နှင့် ဥပ‌ဒေဗဟုသုတများကို အပြန် အလှန် ဆွေးနွေးဖလှယ်နိုင်စေရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဥပဒေသုတေသနအဖွဲ့ ၅ က “Comparative Study of Prosecution Systems between Singapore and Myanmar” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားကြသည်။

စာတမ်းဖတ်ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများမှ အရာထမ်းများ တက်ရောက်ကြသည်။

သတင်းစဉ်