နေပြည်တော် ၂ မတ်
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၏ (၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နံနက်ပိုင်းမှစတင်၍ စေတီတော်ပွဲတော်ကွင်း၌ စတင်ကျင်းပသည်။
ပွဲတော်တွင် KIA, King Long, Souest နှင့် Hyundai မော်တော်ယာဉ် အရောင်းပြခန်းများ၊ အဝတ်အထည်အရောင်းအဆိုင်များ၊ လူသုံးကုန်ပစ္စည်းမျိုးစုံ အရောင်းပြခန်းများ၊ စား သောက်ဆိုင်ခန်းများနှင့် ကလေးကစားကွင်းများ ပါဝင်သည့်အပြင် ဖျော်ဖြေရေးအစီအစဉ် အနေဖြင့် ယနေ့ညမှ မတ် ၃ ရက်အထိ တင်မောင်ဆန်းမင်းဝင်း(ရွှေမန်းသဘင်) ဇာတ်အဖွဲ့၊ မတ် ၅ ရက်မှ ၆ ရက်အထိ ရွှေပွဲမင်းဇာတ်အဖွဲ့နှင့် မတ် ၇ ရက်မှ ၈ ရက်အထိ ရွှေအိမ်စံ ဇာတ်အဖွဲ့တို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
ထက်လျှံ


