နေပြည်တော်   ဇွန်    ၉

 

(၂၉)ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ  တည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့     တက်ရောက်ကြသည့်  စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများသည်   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်နေမှုအား  လေ့လာဖူးမြော်ကြည်ညိုကြသည်။

 

ရှေးဦးစွာ      စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများသည်  ဥပ္ပါတသန္တိ   စေတီတော်မြတ်ကြီးအား     လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။

 

ထို့နောက်      ပြည်ထောင်စုနယ်မြေ    နေပြည်တော်    ဒက္ခိဏသီရိမြို့နယ်  ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ရောက်ရှိရာ တာဝန်ရှိ  သူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွား  တော်မြတ်ကြီးအား    တည်ထားကိုးကွယ်ရသည့်     ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန်     စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့်    ပင့်ဆောင်ခဲ့ရမှု၊    ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့အား    ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့  ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင်ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော် မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်း အဆင့်ဆင့်    ဆောင်ရွက်ပြီးစီးမှု၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိက အဆောက်အဦ စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက်  သစ်ပင်၊   ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက  အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု  အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် စာပေပညာရှင်ကြီးများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွက်   စုပေါင်းလှူဒါန်း ငွေကျပ် ၂၁၀၀၀၀ အား လှူဒါန်းကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်  ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုများကို လှည့်လည်လေ့လာကြည့်ရှုကြသည်။          

သတင်းစဉ်