နေပြည်တော် စက်တင်ဘာ ၂၃
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေပြည်တော် ကောင်စီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိများက ဈေးနှုန်းသက်သာစွာ ဆန်များ ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ဝန်ထမ်းများအား ဆန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်ဖြင့် ဆန်တစ်ပြည်ထုပ် ၂၅၇ ထုပ်နှင့် ငါးပိဘူး ၂၅၇ ဘူးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)