နေပြည်တော် မေ ၂၁
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မကွေးတိုင်းဒေသကြီး ပညာရေး ကျောင်းအခြေပြု ကင်းထောက်အဖွဲ့မှ မေ ၂၁ ရက် နံနက်ပိုင်းက သွားရောက်ဖူးမြော်ကြသည်။
ထိုသို့လေ့လာရာတွင် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်နှင့် ဆရာ ဆရာမ ၁၃ ဦး ဦးဆောင်၍ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်း ကျောင်းအခြေပြု ကင်းထောက်အဖွဲ့မှ ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ၄၀ စုစုပေါင်း ၈၂ ဦးတို့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဘုရာရင်ပြင်အား သန့်ရှင်းရေးကုသိုလ် ပြုလုပ်ကြပြီး အလှူငွေကျပ် ငါးသိန်းကို လှူဒါန်းကြရာ ဘုရားဂေါပကဥက္ကဋ္ဌ ဦးထွန်းကြည်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
သန္တာလင်း(ပြန်/ဆက်)