ဥရောပ ပါလီမန် ဥက္ကဋ္ဌသစ် မဲခွဲရွေးချယ်

၄ ဇူလိုင်

 


ဥရောပ ပါလီမန် တွင် အီတလီ က ဗဟို-လက်ဝဲ နိုင်ငံရေးသမား David Sassoli ကို ဥက္ကဋ္ဌသစ်အဖြစ် မဲခွဲရွေးချယ်ခဲ့ကြသည်။

 


မေလက ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံ Strasbourg မြို့ မျက်နှာစုံညီအစည်းအဝေး၌ ပါလီမန်ဥက္ကဋ္ဌရွေးချယ်မဲပေးပွဲကို ယမန်နေ့က လုပ်ဆောင်ခဲ့ကြသည်။

 


David Sassoli သည် ဥရောပပါလီမန်တွင်  ဒုတိယအကြီးမားဆုံးအုပ်စုဖြစ်သည့် ဆိုရှယ်လစ် နှင့် ဒီမိုကရက် တိုးတက်ရေး  မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

 


၎င်းသည် ၂၀ဝ၉ ခုနှစ်ကတည်းက အီးယူ ဥပဒေပြုအာဏာပိုင်အဖွဲ့တွင် လုပ်ဆောင်ခဲ့သည့်  အသက်၆၃ နှစ်အရွယ်  ရုပ်သံသတင်းသမားဟောင်းတစ်ဦး ဖြစ်သည်။

 


မေလကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လစ်ဘရယ် နှင့် အစိမ်းရောင်ပါတီများ အနိုင်ရရှိခဲ့သော်လည်း ဗဟိုလက်ယာ နှင့် လက်ဝဲ အင်အားစုများ က အမတ်နေရာများ ရှုံးနိမ့်ခဲ့သည်။

 


ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို