၃၀ မတ်
သမုဒ္ဒရာတွေထဲမှာ အမှိုက်ဖြစ်နေတဲ့ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ် ဇွန်း၊ ခက်ရင်း၊ အရည်စုပ်ပိုက်နဲ့ နားကျပ်တံ စတဲ့ ပစ္စည်းများကို ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ပြီး ဥရောပသမဂ္ဂအတွင်းမှာ ဥပအေရ တားမြစ်သွားမှာ ဖြစ်ပါတယ်။
ဥပဒေပါ စာသားတွေကို ဥရောပသမဂ္ဂအတွင်းမှာ ဆွေးနွေးပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေဟာ ၂၀၂၁ ခုနှစ်မှာ စတင် အသက်ဝင်မှာလို့ သိရပါတယ်။
ဥရောပသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌက ဥရောပကြောင့် ပလတ်စတစ် အမှိုက်တွေများလာတာတော့မဟုတ်ဘူး၊ ကမ္ဘာမှာ ရှေ့ဆောင်လမ်းပြလုပ်တဲ့အနေနဲ့ လုပ်ဆောင်တာသာဖြစ်တယ်။ အာရှနိုင်ငံတွေနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာလည်း ဥရောပရဲ့ လုပ်ဆောင်မှုတွေ စိတ်ဝင်စားနေကြတယ် လို့ ပြောဆိုပါတယ်။
ဒီဥပဒေမှာ ၉၀ ရာခိုင်နှုန်းသော ပလတ်စတစ် ပုလင်းတွေကို ၂၀၂၉ အရောက်မှာ အားလုံးစုပြီး ရီဆိုက်ကယ် လုပ်ဆောင်မှာဖြစ်ပါတယ်။ အဲဒီ ရီဆိုက်ကယ်လုပ်ပြီး ထွက်လာမယ့် ပစ္စည်း ၂၅ ရာခိုင်နှုန်းကို ၂၀၁၅ခုနှစ် အရောက်မှာ ပြီးစီးရမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကတော့ ၂၀၃၀ခုနှစ် မှာပြီးစီးရမယ်လို့ ဥပဒေမှာ အသေးစိတ် ရေးသားထားပါတယ်။
သမုဒ္ဒရာအတွင်းကို ရောက်ရှိတဲ့ အမှိုက် ၇၀ ရာခိုင်နှုန်းဟာ ရေသတ္တဝါတွေရဲ့ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့အတွက် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေကို တားမြစ်တာ သာဖြစ်တယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။
MDN
ကိုးကား - AFP
