၈ မေ

မေလ ၂၃ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ဥရောပ ပါလီမန် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက တရားဝင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ရွေးကောက်ပွဲများမကျင်းပမီ ဘရီးဇစ်သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးရန် လုံလောက်သောအချိန်မရှိတော့ကြောင်း ဝန်ကြီးအဖွဲ့ရုံး ဝန်ကြီး ဒေးဗစ်လီဒင်တန်က ဝန်ခံပြောကြားခဲ့သည်။

ဇူလိုင်လတွင် ကျင်းပမည့် ဥရောပ ပါလီမန် အစည်းအဝေး မတိုင်မီ ဥရောပမှ ဗြိတိန်ခွဲထွက်ရေး အောင်မြင်မှုရရှိရန် ဗြိတိန်အစိုးရအနေဖြင့် ဆတက်ထမ်းပိုးကြိုးစားအားထုတ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

၎င်းပါလီမန်အနေဖြင့် ထိုရွေးကောက်ပွဲများမကျင်းပမီ ဘရီးဇစ်သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးရန်ပျက်ကွက်ခဲ့လျှင် ဥရောပပါလီမန်ရွေးကောက်ပွဲများတွင် ဗြိတိန်နိုင်ငံ ပါဝင်ယှဉ်ပြိုင်ရန် မေးမြန်းခဲ့သည်။

 

mdn

 

ဘရီးဇစ်လုပ်ငန်းစဉ်အပေါ် အစိုးရ၏ ကိုင်တွယ်မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှု မြင့်တက်လာကြောင်းနှင့် အသစ်ဖွဲ့စည်းခဲ့သည် ဘရီးဇစ်ပါတီ၏ တစ်ခုတည်းသော မဲဆွယ်စည်းရုံးမှုမှာ ဥရောပမှ ဗြိတိန်ခွဲထွက်ရန် ဖြစ်ကြောင်း သိရသည်။

လာမည့်ရွေးကောက်ပွဲသည် အခြားပြည်လုံးကျွတ်ဆန္ဒခံယူပွဲကဲ့သို့ ဥရောပမှ ဗြိတိန်နိုင်ငံ ခွဲထွက်သင့်၊ မသင့်အပေါ် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို