ဥရောပ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မက်ဆီ (၅) ကြိမ်မြောက်ရရှိ

ဘာစီလိုနာ အသင်း၏ တိုက်စစ်မှူး လီယွန်နယ် မက်ဆီသည် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွက် ဥရောပ၏ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ငါးကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အသက်(၃၁)နှစ် အရွယ်ရှိ တိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဘာစီလိုနာ အသင်းအတွက် ပွဲစဉ်ပေါင်း ၆၈ ပွဲမှာ သွင်းဂိုး ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့်အတွက် လီဗာပူးအသင်းက တိုက်စစ်မှူး ဆာလာနှင့် စပါးအသင်းက ဟယ်ရီကိန်းတို့ သွင်းထားသည့် ဂိုးတွေထက်များပြီး ၂၀၁၇-၁၈ အတွက် ရွှေဖိနပ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ရီးရဲမက်ဒရစ် အသင်းအတွက် ကစားခဲ့သော စီရော်နယ်ဒိုသည် ပွဲစဉ် ၅၂ ပွဲမှာ ၂၆ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ယခင်က စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် ဥရောပရွှေဖိနပ်ဆု လေးကြိမ်စီရရှိခဲ့ရာမှ ယခုအခါ မက်ဆီသည် ဥရောပ ရွှေဖိနပ်ဆုကို ငါးကြိမ်မြောက်အဖြစ် စံချိန်တင်ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုနှစ် ဘောလုံးရာသီမှာလည်း ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီသည် လာလီဂါပွဲစဉ် (၁၆)ပွဲကစားအပြီး သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။

မက်ဆီ ဥရောပ ရွှေဖိနပ် ရရှိခဲ့သည့် ဘောလုံးရာသီနှင့် သွင်းဂိုးများ

 

၂၀၀၉-၁၀ ခုနှစ်  (၃၄) ဂိုး

 

၂၀၁၁-၁၂ ခုနှစ်  (၅၀) ဂိုး

 

၂၀၁၂-၁၃ ခုနှစ် (၄၆) ဂိုး 

 

၂၀၁၆-၁၇ ခုနှစ်  (၃၇) ဂိုး

 

၂၀၁၇-၁၈ ခုနှစ် (၃၄) ဂိုး 

 

MDN