ပေကျင်း  ၁၀ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံသည် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိနိုင်ငံများသို့ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အထောက်အပံ့ ပေးမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ယမန်နေ့တွင်ပြောကြား ခဲ့သည်။

 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ဟန်ဂေရီနှင့် ပိုလန်အပါအဝင် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဖေဖော်ဝါရီ ၉ ရက်တွင် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟန်ဂေရီနိုင်ငံနှင့် တရုတ်ဆေးဝါးကုမ္ပဏီများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆားဘီးယားနိုင်ငံသည်လည်း တရုတ်နိုင်ငံ၏ ဆေးဝါး ကုမ္ပဏီတစ်ခုမှထုတ်လုပ်သည့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံးရေ ( တစ်သန်းကို လက်ခံရရှိထားပြီးဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်၏ ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသတွင်းရှိ အခြားသောအစိုးရများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု များကို တက်ကြွစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင် က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်မှတစ်ဆင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်