ဘရပ်ဆဲလ် ၁၇ ဇူလိုင်
အာဆူလာ ဗွန်ဒါလီယန်ကို ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ် အသိအမှတ်ပြုရေး ဥရောပပါလီမန်၌ ဇူလိုင် ၁၆ ရက်က လျှို့ဝှက်မဲပေး မှုများ ပြုလုပ်လျက်ရှိသည်။
အကယ်၍ အသက် ၆၀ အရွယ် ဗွန်ဒါလီယန်သည် ပြင်သစ်နိုင်ငံ စထရားစဘို့ဂ်မြို့တွင် ပြုလုပ်သည့် ညီလာခံ၌ မဲအများ စုရရှိခဲ့ပါက ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျင်းကလော်ဒီဂျန်ကာ၏ နေရာတွင် အစားထိုးသွားမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မဲရလဒ် ရှုံးနိမ့်သွားခဲ့လျှင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံနှင့် ပါလီမန်တို့တွင် အငြင်းပွားမှုများ ဆက်လက် ပေါ်ပေါက်လာမည် ဖြစ်သည်။
ဗွန်ဒါလီယန် အောင်မြင်မှုရရှိခဲ့လျှင်မူ နိုဝင်ဘာလအတွင်း ဥရောပသမဂ္ဂအဖွဲ့ကြီးတွင် ပထမဆုံး အမျိုးသမီး ခေါင်းဆောင် ပေါ်ထွက်လာမည်ဖြစ်သည်။ ဗွန်ဒါလီယန်သည် ဥရောပသမဂ္ဂ အဖွဲ့ကြီးက ၎င်းကို ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ အင်ဂျလာမာကယ်အစိုးရအဖွဲ့အတွင်းမှ နုတ်ထွက်တော့မည်ဟု ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။
မဲပေးမှုများကို စထရားစဘို့ဂ်မြို့ ညီလာခံတွင် ဇူလိုင် ၁၆ ရက် ညနေ ၆ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်နာရီ အကြာတွင် အဖြေကို ကြေညာမည်ဖြစ်သည်။ အသစ် ရွေးချယ်ခံရသည့် ဥရောပကော်မရှင်ဥက္ကဋ္ဌသည် နိုဝင်ဘာ ၁ ရက်တွင် တာဝန်စတင် ထမ်းဆောင်ရ မည်ဖြစ်သည်။
အေအက်ဖ်ပီ