ဥရောပနိုင်ငံတွေမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ ကျဆင်း

၂၀ မတ်

ဥရောပနိုင်ငံများတွင် ကင်ဆာရောဂါကြောင့် သေဆုံးသူ ဦးရေ ၅ နှစ်အတွင်းမှာ ကျဆင်းကြောင်း သုတေသနပညာရှင်တွေက  အင်္ဂါနေ့ ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် လူဦးရေတိုးတက်လာတဲ့အတွက် ဒီနှစ်အတွက် ၁.၄ သန်းလောက်အထိသေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ပြောပါတယ်။

အမျိုးသားကင်ဆာရောဂါရှင်သေဆုံးမှုဟာ ၆ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း၊ ၂၀၁၄ ခုနှစ်က ကင်ဆာရောဂါရှင် တစ်သိန်းမှာ ၁၃၉ ယောက်သေဆုံးရာကနေ ၂၀၁၉ မှာ ၁၃၁ ယောက်သာသေဆုံးကြောင်း၊ အမျိုးသမီးဝေဒနာ ရှင်များအနေနဲ့ ၃.၆ ရာခိုင်နှုန်း ကျဆင်းတာကိုတွေ့ရကြောင်း၊ အမျိုးသမီးဝေဒနာရှင် တစ်သိန်း မှာ ၈၆ သေဆုံးရာကနေ ၂၀၁၉ မှာ ၈၃ ဦးသာ ဖြစ်လာနိုင်ကြောင်း ဆေးပညာ မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

စုစုပေါင်းသေဆုံးနှုန်း အနေနဲ့ ပြောရင်တော့ ၂၀၁၄ ခုနှစ်က ၁.၃၅ သန်း သေဆုံးခဲ့ပေမယ့် ၂၀၁၉ မှာ ၁.၄ သန်းအထိ သေဆုံးနိုင်ကြောင်း၊ အဲဒီအရေအတွက် ထပ်မံခွဲခြမ်းကြည့်ရာတွင် ရောဂါရှင် အမျိုးသား ၇၈၇,ဝ၀ဝ နှင့် အမျိုးသမီး ၆၂၁,၉၀ဝ တို့ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အမျိုးသမီး အဆုတ်ကင်ဆာဝေဒနာရှင်တွေဟာ ရင်သားကင်ဆာရှင်တွေထက် ပိုပြီး သေဆုံးနိုင်ကြောင်း၊ အရေအတွက်ပြောရရင် ၉၆,၈၀ဝ နဲ့ ၉၂,၈၀ဝ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပနိုင်ငံတွေများရှိ ရင်သားကင်ဆာရှင်တွေဟာ  ၂၀၁၄ ကထက် သေဆုံးနှုန်း ပိုကျဆင်းကြောင်း၊ ဗြိတိန်နိုင်ငံမှာ ရင်သားကင်ဆာရှင်တွေရဲ့ သေဆုံးနှုန်းဟာ ၁၃ ရာခိုင်နှုန်းကျဆင်းပြီး ဥရောပနိုင်ငံတွေကို ဦးဆောင်နေပါတယ်။ ပြင်သစ်နိုင်ငံမှာ ၁၀ ရာခိုင်နှုန်း၊ ဂျာမနီ ၉ ရာခိုင်နှုန်း၊ အီတလီ ၇ ရာခိုင်နှုန်းနဲ့ စပိန် ၅ ရာခိုင်နှုန်း အသီးသီးရှိနေတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP

 

mdn