၈ ဇွန်

 

ဥရောပရဲ့ ပထမဦးဆုံးရေအောက်စားသောက်ဆိုင်က နော်ဝေနိုင်ငံ လင်းဒန်နေ့စ် မှာ တည်ရှိပါတယ်။ စားသောက်ဆိုင်ရဲ့ နာမည်ကို အန်းဒါး Under လို့ အမည်ပေးထားပြီး ဆိုင်ဟာ သမုဒ္ဒရာရေထဲ ၁၅ ပေ အနက် အထိမှာ တည်ရှိနေတဲ့အတွက် သမုဒ္ဒရာထဲက သဘာဝအလှကို ကြည့်ရှုခံစားနိုင်ပါတယ်။

 

Under စားသောက်ဆိုင်ဟာ ရေအေးတွေ ဝန်းရံနေတာဖြစ်ပြီး မော်ဒိုက် နဲ့ ဒူဘိုင်းမှာရှိတဲ့ ရေအောက်စားသောက်ဆိုင်တွေမှာလို ပူနွေးစိုစွတ်ဒေသမှာ ကျက်စားတဲ့ငါးမျိုးစိတ်တွေကို မမြင်နိုင်ဘူး ဖြစ်ပါတယ်။ 

 

ုူင

 

Under စားသောက်ဆိုင်တည်ထောင်ရေးမှာ ပါဝင်တဲ့ အဏ္ဏဝါဗေဒပညာရှင်ကတော့ စားသောက်ဆိုင်ကို လာသူတွေဟာ သဘာဝသမုဒ္ဒရာကို ကိုယ်တိုင်လေ့လာခံစားနိုင်တယ်။ စားသောက်ဆိုင်က အဏ္ဏဝါပြတိုက်လို မဟုတ်တဲ့အတွက် ငါးတွေက ကိုယ့်ကိုလာကြည့်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သဘာဝအတိုင်း ပင်လယ်သမုဒ္ဒရာမှာ ဖြစ်ပျက်နေတာကိုတော့ ကြည့်နိုင်တယ်လို့ ပြောပါတယ်။ 

 

စားသောက်ဆိုင်ပိုင်ရှင် ဆစ် က တော့  သူ့ဆိုင်ဟာ အစားအသောက်၊ ဗိသုကာပညာရပ်၊ အဏ္ဏဝါရေပြင်ဆိုတဲ့ မဏ္ဏိုင် ၃ ခုနဲ့ တည်ဆောက်ထားပါတယ်လို့ပြောပါတယ်။  

 

စားသောက်ဆိုင်မှာ ရနိုင်တဲ့ ဟင်းလျာတွေက ဆိုင်ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုရှိကြောင်း  စာဖိုမှူး က ပြောပါတယ်။ 

 

Under စားသောက်ဆိုင်မှာ ဟင်းလျာ ၁၆ မျိုး သို့မဟုတ် ၁၈ မျိုး အထိ ရရှိနိုင်ပြီး ဒေသတွင်းက ရေညှိ ၅ မျိုးနဲ့ ပြုလုပ်ထားတဲ့ အကောင်းဆုံး အချိုပွဲတွေပါ ရရှိနိုင်တာကိုတွေ့ရပါတယ်။ 

 

Under မှာ စားသောက်ရန်အတွက် တစ်ခါစားလျှင် အမေရိကန် ဒေါ်လာ ၂၆၀ လောက် ကုန်ကျပေမယ့်  ၆ လစာအထိ ကြိုတင်မှာထားတဲ့သူတွေနဲ့ ပြည့်နေပြီလို့ သိရပါတယ်။  

 

MDN
ကိုးကား - AFP