၂၇ မေ
ဥရောပသမဂ္ဂ (EU) လွှတ်တော်အတွက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ EU မှ ခွဲထွက်ရေး ပါတီတွေနဲ့ အမျိုးသားရေးဦးတည်တဲ့ ပါတီတွေ အနိုင်ရတာကို တွေ့ရပါတယ်။ ဥရောပသမဂ္ဂ (EU) လွှတ်တော်အတွက် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံရှိ မဲဆန္ဒပေးနိုင်သူ သန်း ၂၀ဝ ကျော်က မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၅၁ ရာခိုင်နှုန်းက မဲပေးခဲ့ရာ နှစ်ပေါင်း ၂၀ အတွင်း မဲပေးသူအများဆုံး ရွေးကောက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ EU က ခွဲထွက်ရေးနဲ့ လက်ယာပါတီတွေက လွှတ်တော်မှာအမတ်အရေအတွက် ၁၅၀ အထိရရှိတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြင်သစ်နိုင်ငံက မာရီလဖန်း ဦးဆောင်တဲ့ပါတီ၊ အီတလီနိုင်ငံက မတ်တီအို ဆာဗီနီရဲ့ပါတီနဲ့ ဗြိတိန်က နိုက်ဂျယ်ဖာရာချ်တို့ရဲ့ ပါတီတွေက အနိုင်ရတာကို တွေ့ရပါတယ်။

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေး လိုလားသူ နိုက်ဂျယ်ဖာရာချ်ရဲ့ Brexit ပါတီဟာ ၅၆ နေရာရရှိပြီး အနိုင်ရရှိခဲ့ပါတယ်။ ဘရစ်ဇစ် ပါတီ ဟာ ၃ လသာရှိသေးတဲ့ ပါတီသစ်ဖြစ် ပြီး ပါတီကြီးတွေဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီနဲ့ လေဘာပါတီတို့ကို ဖြတ်ကျော်ပြီး အနိုင်ရခဲ့တာဖြစ် ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ ခွဲထွက်ရေးအတွက် မဲပေးခဲ့ရာ ခွဲထွက်ရေးဘက်က ၅၂ ရာခိုင်နှုန်းနဲ့ EU အတွင်းဆက်လက်နေထိုင်ရေးက ၄၈ ရာခိုင်နှုန်းနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
MDN
ကိုးကား - AFP