၃၀ ဇန်နဝါရီ

 

ပြင်သစ်ဝန်ကြီးချုပ် ဂျွန် ကတ်စ်တက်စ် က ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံသားမဟုတ်သူတွေအား အရေးကြီးကိစ္စမှလွဲပြီး တနင်္ဂနွေနေ့ (ဇန်နဝါရီ ၃၁ ရက်) ကစပြီး ပြင်သစ်နိုင်ငံသို့ ဝင်ခွင့်တားမြစ်မယ်လို့ သောကြာနေ့က ပြောပါတယ်။

 

နိုင်ငံခြားမှ မူကွဲဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် အခုလို ဆုံးဖြတ်ရတာလို့ သိရပါတယ်။

 

ဝန်ကြီးချုပ်နဲ့ နိုင်ငံရဲ့ကာကွယ်ရေးကောင်စီတို့ တွေ့ဆုံအပြီးမှာ တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်ရေး (lockdown) အသစ်ကို အခုကြေညာမှာ မဟုတ်ကြောင်း၊ လာမယ့်ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်မယ်လို့ ထည့်သွင်းပြောကြားပါတယ်။

 

အစားအသောက်ရောင်းတဲ့ ဆိုင်တွေအပါအဝင် ရှော့ပင်းမောကြီးတွေကို တနင်္ဂနွေနေ့ကစပြီး ပိတ်ရန် နဲ့  ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီက စတင်သတ်မှတ်မယ်လို့ သိရပါတယ်။

 

mdn

 

ညမထွက်ရအမိန့် မလိုက်နာသူ၊ ပါတီပွဲတွေ စီစဉ်နေသူတွေနဲ့ တရားမဝင် ဖွင့်နေတဲ့ စားသောက်ဆိုင်တွေကို စစ်ဆေးရန် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ လှည့်လည် စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားပါတယ်။

 

EU အဖွဲ့ဝင် နိုင်ငံသားမဟုတ်တဲ့ နယ်စပ်ကူးလုပ်သားတွေနဲ့ ပြင်သစ်နိုင်ငံကို လာရောက်သူတိုင်း PCR စနစ်အသုံးပြုပြီး စစ်ဆေးထားတဲ့ ရောဂါပိုးကင်းစင်ကြောင်း အထောက်အထားလိုအပ်ကြောင်း သိရပါတယ်။ ဒီလိုအပ်ချက်ဟာ အရင်က လေကြောင်းနဲ့ ရေကြောင်းကနေ ရောက်ရှိလာသူတွေ အတွက်သာ ဖြစ်ပေမယ့် ကုန်းလမ်းကနေ လာရောက်သူတွေပါ လိုအပ်ကြောင်း သောကြာနေ့က ကြောညာလိုက်တာဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံမှာ ကျောင်းနဲ့ ဈေးဆိုင်တွေ ဆက်လက်ဖွင့်ထားခွင့်ရှိပေမယ့် စားသောက်ဆိုင်နဲ့ ဘားတွေကိုတွေကို ပိတ်ထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP