၄ နိုဝင်ဘာ

 

ဥရောနိုင်ငံတွေ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၁ သန်းကျော်ရှိလာကြောင်း အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဥရောပနိုင်ငံအများစုဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ဟန့်တားရန် အသွားလာကန့်သတ် နေရာ ဩစတြီးယားနဲ့ ဂရိနိုင်ငံတွေဟာ အသွားအလာကန့်သတ်လာတဲ့ နောက်ဆုံးနိုင်ငံတွေ ဖြစ်လာပါတယ်။

 

ဥရောပနိုင်ငံတွေ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၁,၀၀၈,၄၆၅ ဦးနဲ့ သေဆုံးသူ ၂၈၅,၀၀၀ နီးပါးရှိလာတွေကို အင်္ဂါနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုများနေတဲ့အတွက် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီနဲ့ အိုင်ယာလန်နိုင်ငံတွေ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတဲ့ ပထမဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

 

 

ဂရိနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုတားမြစ်ရန် ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ ဘား၊ အားကစားခန်းမ၊ ရုပ်ရှင်ရုံနဲ့ ပြဇာတ်ရုံတွေကို ပိတ်ထားရသလို အရေးမကြီးတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေကိုလည်း ပိတ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် ကမ္ဘာမှာ သေဆုံးသူ ၁.၂ သန်း ကျော်ရှိလာချိန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်ရန်ကြိုးစားနေတဲ့ ဆေးကုမ္ပဏီ အများအပြားရှိနေပါတယ်။ အဲဒီထဲမှ ထိပ်တန်းက ပြေးနေတဲ့ ကုမ္ပဏီ (၉) ဟာ ဆေးထုတ်ရန် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း WHO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP