နေပြည်တော် ၈ ဇန်နဝါရီ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၊ နေပြည်တော် ဥတ္တရခရိုင် အတွင်း၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တင်ဒါကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အဖွင့်အမှာ စကား ပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုသည်။ ဆက်လက်၍ တင်ဒါကော်မတီ အတွင်းရေးမှူး နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဇော်မှ တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းတင်ဒါနည်းပညာအဆိုပြုလွှာများနှင့် ပစ္စည်းတင်ဒါအဆိုပြုလွှာများကို ဖွင့်ဖောက် စစ်ဆေခဲ့ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်အညီ အမှတ်ပေးရွေးချယ်ခဲ့ကြသည်။
ဥတ္တရခရိုင်အတွင်း၌ နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါ ဆောင်ရွက်မည့် လုပ်ငန်းများမှာ ဥတ္တရသီရိမြို့နယ်ရှိ မိုးစွေလွင်သာယာကျေးရွာခြင်းဆက်လမ်း၊ တပ်ကုန်းမြို့နယ်ရှိ ကြီးအင်း-သာယာအေး-လွှပုံ ကျေးရွာချင်းဆက်လမ်း၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါ ဆောင်ရွက်မည့်လုပ်ငန်းများမှာ ဥတ္တရသီရိမြို့နယ်ရှိ ဘုရားတောင်-ပိုတက်-တက်ရှိန်း-သရက်တော ကျေးရွာချင်းဆက်လမ်း၊ တပ်ကုန်းမြို့နယ်ရှိ မန်းကျည်းပင်-ကျောက်စရစ်ကုန်း ကျေးရွာခြင်းဆက်လမ်းနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ဥတ္တရခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးဆောက်လုပ်ရန်၊ နေပြည်တော် ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းတင်ဒါဆောင်ရွက်မည့် လုပ်ငန်းများမှာ တပ်ကုန်းမြို့နယ်ရှိ ကရင်းအောင်း-ဥတ္တရသီရိမြို့ဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်-သာယာကုန်း-ဝဲကြီး ကတ္တရာခင်းခြင်းလုပ်ငန်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ ကျောက်စရစ်ကုန်း ကျေးရွာတွင်း လမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းတင်ဒါ ဆောင်ရွက်မည့် လုပ်ငန်းများမှာ တပ်ကုန်းမြို့နယ်ရှိ အင်ပင်-ညောင်လွန့်ကျေးရွာခြင်းဆက်လမ်း၊ ဒဟက်ကုန်း-မြောက်မြိုက် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေကျော်တည်ဆောက်ခြင်းနှင့်လက်ပံပု-နောက်ဘိုအိုး ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ Box Culvert တည်ဆောက် ခြင်း၊ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ ကျွန်းရောင်ကျေးရွာသို့ ကျေးရွာခြင်းဆက်လမ်း ခင်းကျင်းခြင်းလုပ်ငန်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)