နေပြည်တော် ဒီဇင်ဘာ ၂၂
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဥတ္တရခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ယာယီပိုက်ကျော်ခြင်းကွင်းတွင် ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲတွင် ဥတ္တရခရိုင် ကိုယ်စားပြု နှစ်သင်း၊ တပ်ကုန်းမြို့နယ် ကိုယ်စားပြု နှစ်သင်း၊ ပုဗ္ဗသီရိမြို့နယ် ကိုယ်စားပြု တစ်သင်း၊ ဇေယျာသီရိမြို့နယ် ကိုယ်စားပြု တစ်သင်း စုစုပေါင်း ခြောက်သင်းက အုပ်စု နှစ်စုခွဲ၍ ပတ်လည်ယှဉ် ပြိုင်သွားမည်ဖြစ်ပြီး ပထမဆု ငွေကျပ် ၂၀၀၀၀၀၊ ဒုတိယဆု ငွေကျပ် ၁၅၀၀၀၀၊ တတိယဆု ငွေကျပ် ၁၀၀၀၀၀၊ အထူးဆု ငွေကျပ် ၂၀၀၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥတ္တရ(ပြန်/ဆက်)