ဥတ္တရသီရိမြို့နယ် ဘုရားကုန်ကျေးရွာတွင် ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား

ဥတ္တရသီရိ ၂၇ ဧပြီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ဧပြီ ၂၆ ရက် ည ၈ နာရီခွဲခန့်က ဝါယာရှော့ဖြစ်၍ မီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

 

ဘုရားကုန်းကျေးရွာနေ  ဒေါ်ခင်ကြည်၏  (၄×၄) ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုးနေအိ်မ်မှ လျှစ်ဝါယာကြိုးရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရှိရသဖြင့် မီးလောင်ရာနေရာသို့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ နေပြည်တော်တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး မီးသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ် နှစ်စီးဖြင့် ငြှိမ်းသတ်ရာ  ည ၉ နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်မှုကြောင့် နေအိမ် ၂ လုံး၊ စပါးကျီတစ်လုံး နှင့် စပါးတင်း (၅၀)ခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။

 

ဥတ္တရခရိုင်ပြန်/ဆက်

 

1.0