နေပြည်တော် ဇွန် ၂၉
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ရှိ ဓမ္မာရုံ၌ ဇွန် ၂၈ ရက်က နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းသည် ဒေသထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲသို့ တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အားလည်းကောင်း၊ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအသောက်များ စစ်ဆေး မှတ်ပုံတင်ခြင်း ကိစ္စရပ်များကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက သင်တန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
အဆိုပါ သင်တန်းသို့ ဥတ္တရသီရိမြို့နယ်မှ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ရက်သတ္တတစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်(ပြန်/ဆက်)