နေပြည်တော် ၁၆ အောက်တိုဘာ
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၂၁/၁-၂) ကြား၌ အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီက မော်တော်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ၃(ခ)ရပ်ကွက်နေ ကျော်ကိုကိုဦး (၄၄)နှစ် မောင်းနှင်ပြီး ကုန်စိမ်းများ တင်ဆောင်လာသော 3M/----- Crown Express ယာဉ်သည် အခင်းဖြစ်နေရာအရောက် ယာဉ်၏ရှေ့ဝဲဘက်ဘီးပေါက်ကာ အပူလွန်ကဲရာမှ ယာဉ်၏ ဦးခေါင်းပိုင်းအား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် မော်တော်ယာဉ် ဦးခေါင်းပိုင်း မီးလောင်ဆုံးရှုံးခဲ့သဖြင့် ကျော်ကိုကိုဦးအား ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား