ဥတ္တရသီရိ ဧပြီ ၂၁

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း၌ ဧပြီ ၂၀ ရက်က မိုးရွာပြီး လေပြင်းတိုက်ခတ် မှုကြောင့် မြို့နယ်အတွင်းရှိ လူနေအိမ်(၂၂)လုံး၊ နွားတင်းကုတ် (၁)လုံးနှင့် ရေစင်(၁)ခု အမိုးလန်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် မင်းကုန်ကျေးရွာရှိ လူနေအိမ်(၄)လုံး၊ မောင်းရမ်းကျေးရွာရှိ လူနေအိမ်(၅)လုံး၊ ဘုရားကုန်းကျေးရွာရှိ လူနေအိမ် (၆)လုံး၊ စည်သာအေးကျေးရွာရှိ လူနေအိမ် (၁)လုံး၊ ကွမ်းခြံစုကျေးရွာတွင် လူနေအိမ် (၁)လုံး၊ ပန်းတောင်ခါးကျေးရွာတွင် လူနေအိမ်(၄)လုံး၊ ရွာသာကျေးရွာတွင် လူနေအိမ်(၁)လုံး စုစုပေါင်း လူနေအိမ်(၂၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ပန်းတောင်ခါးကျေးရွာတွင် နွားတင်ကုတ်(၁)လုံး စည်သာအေးကျေးရွာ၊ အ.မ.ကစာသင်ကျောင်းရှိ ရေစင်အဆောက်အဦပျက်စီးခဲ့ရာ လူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)