နေပြည်တော် ၁၂ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုတွင် မေ ၁၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀ လုံးအမိုးလန်ပျက်စီးခဲ့ပြီး သုံးလုံး ပြိုကျခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာတွင် လူနေအိမ် တစ်လုံးပြိုကျ၍ ငါးလုံးအမိုးလန်ပျက်စီးခဲ့သည်။ ဆယ်သိန်းကျေးရွာတွင် လေးလုံးအမိုးလန်ခြင်း၊ ကျောင်းစုကျေးရွာတွင် လူနေအိမ်တစ်လုံးပျက်စီးပြိုကျ၍ ၁၄ လုံးအမိုးလန်ခြင်း၊ ကြီးပွားကျေးရွာတွင် နေအိမ်တစ်လုံးပြိုကျပျက်စီး၍ နှစ်လုံးအမိုးလန်ခြင်း၊ ပြည်တော်လင်းကျေးရွာတွင် လူနေအိမ် လေးလုံးအမိုးလန်ခြင်းနှင့် သက်မွှေးစုကျေးရွာတွင် နေအိမ်တစ်လုံးအမိုးလန်ခြင်း စုစုပေါင်း လူနေအိမ် သုံးလုံးပြိုကျပြီး ၃၀ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)


