နေပြည်တော် ၉ ဩဂုတ်
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်နေ သန်းမြတ်ထွန်း(၁၉)နှစ်နှင့် ၎င်း၏ ညီဖြစ်သူ ကျော်လှိုင်ဝင်း(၁၇)နှစ်တို့ ၂ ဦးသည် ဩဂုတ် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က တောထဲသို့ မျှစ်ချိုးသွားရာမှ နေပြည်တော်-တပ်ကုန်း အမှတ်(၂)လမ်း၊ မိုင်တိုင်(၀/၂)အနီး လမ်းဘေး ဝါးရုံပင်အောက်မှ လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် နေအိမ်သို့ ယူဆောင်လာကြောင်း သိရသည်။
သတင်းအရ ဘုရားကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးပြီး အဆိုပါလက်ပစ်ဗုံးအား နယ်မြေခံတပ်မတော်မှ သိမ်းဆည်းသွားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
သတင်းစဉ်