နေပြည်တော် ဇွန် ၁၅
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ တောင်သူ အသိပညာပေးစင်တာ(KC)၌ ဇွန် ၁၄ ရက်က မိုးစပါးထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှစကား ပြောကြားပြီး
နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က မိုးစပါး (ထိုင်းနှံကောက်)မျိုးစေ့များ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းတို့က သရက်တောကျေးရွာအုပ်စုရှိ တောင်သူ ၅၄ ဦး၊ ဘုရားတောင် ကျေးရွာအုပ်စုရှိ တောင်သူ ၁၉ ဦး၊ တပ်ရှိန်းကျေးရွာအုပ်စုရှိ တောင်သူ ၁၉ ဦးတို့အတွက် တစ်ဧကလျှင် မိုးစပါးမျိုးစေ့ တစ်တင်းနှုန်းဖြင့် ၁၇၂ ဧကအတွက် တောင်သူ ၉၂ တို့အား မိုးစပါးမျိုးစေ့ ၁၇၂ တင်း ထောက်ပံ့ ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဝင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာသို့ ရောက်ရှိပြီး တောင်သူ ဦးမြင့်သိန်း၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများ၊ သဘာဝသစ်ရွက်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) စံပြစိုက်ခင်းတွင် ထယ်မှောက်နေမှုအခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)