ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၆
နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ နံရံကပ်ပြဘုတ်၌ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ပြသခြင်းကို ယနေ့နံနက်ပိုင်းမှစတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြသရာတွင် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ ပါဝင်ပြီး ပြည်သူများမှ လာရောက်ကြည့်ရှုလေ့လာလျက်ရှိသည်။
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံး၏နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ အသိပညာပေး အကြောင်းအရာများကို ပြည်သူများသိရှိစေရေး ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)