မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ နေ့အပူချိန်များ တစ်စတစ်စ မြင့်တက် လာနေသည်။ မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်များအရ ယခုနှစ် တွင် အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်ကို ပြင်းပြင်းထန်ထန်ခံစားရဖွယ် ရှိသည်ဟုလည်း သိရသည်။ အပူချိန်မြင့်တက်လာခြင်းက မီးလောင် ခြင်းကဲ့သို့သော ဘေးအ္တရာယ်များ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားလာစေ သကဲ့သို့ အပူချိန်မြင့်မားခြင်းနှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ ဘေးအ္တရာယ်များကိုလည်း ဖြစ်ပွားနိုင်သည့်အတွက် နေ့ပိုင်းအပူချိန် မြင့်မားနေချိန်တွင် သွားလာလှုပ်ရှား နေထိုင်မှုများကို ဂရုပြုသွားကြရန် လည်း လိုအပ်မည်ဖြစ်သည်။


ရာသီဥတုပူပြင်းခြင်းကြောင့် ချွေးထွက်လွန်ကာ ခန ̈ာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုများကာ ပင်ပန်းနွမ်းနယ်ခြင်း၊ ြွကက် တက်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)နှင့် နေရောင် အောက်တွင် အကာအကွယ်မဲ့သွားလာခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် သင့်ခြင်းတို့ဖြစ်ပေါ်နိုင်သည်။ နေရောင်ခြည်နှင့် အပူဒဏ်တို့က အသက် အ္တရာယ်အထိ ကျရောက်နိုင်သည်ကို သတိမူကြရမည် ဖြစ်သည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်လာသည့်အခါ ပျို့ ခြင်း၊ ဂနာမငြိမ်ခြင်း၊ ြွကက်တက်ခြင်း၊ အားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူအချိန်မြင့်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ နုံးချည့်ခြင်းတို့ကိုပါ ရောဂါလက္ခဏာများအဖြစ် ခံစားရနိုင်သည်။ ရောဂါပိုမိုပြင်းထန်လာသည့်အခါ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)ကိုပါ ခံစားရနိုင်သည်။ Heat Stroke ၏ လက္ခဏာများမှာ အရေပြားပူ၍ ခြောက်သွေ့နေခြင်း(သို့မဟုတ်) ချွေးအလွန်အကျွံ ထွက်ခြင်း၊ ခန ̈ာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း တို့ဖြစ်ပေါ်နိ်ုင်သည်။


အပူဒဏ်ခံစားရသည့် လူနာကို အရိပ်ရ၍ အေးမြသည့်နေရာ၊ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့် ဓာတ်ဆား ရည်တို့ကို တိုက်ကျွေးခြင်း၊ လူနာ၏ခန ̈ာကိုယ်အပူချိန် အမြန်ကျဆင်းစေ ရန် နဖူး၊ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးပတ် တိုက်ခြင်းကို ဦးစွာဆောင်ရွက်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာ ရေးဌာနတို့သို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အကြံပေးထားသည်။ ခရမ်းလွန်ရောင်ခြည်အ္တရာယ်သည် လည်း ခရမ်းလွန်ရောင်ခြည်အòန်းကိန်းမြင့်မားသည့် အချိန်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခန့်အတွင်း နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ ခြင်းကြောင့် အ္တရာယ်ရှိနိုင်သည်။ နေလောင်ခြင်း၊ အသား အရောင်ညိုမည်းခြင်းတို့ လတ်တလောဖြစ်နိုင်ပြီး ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကာလကြာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာဖြစ်ပေါ် ခြင်းစသည့် ဆိုးကျိုးများဖြစ်စေနိုင်သည်။


အသက်ကို ဉာဏ်စောင့်ဆိုသည့် ဆိုရိုးစကားရှိသည့်အတိုင်း အပူဒဏ် နှင့် ခရမ်းလွန်ရောင်ခြည်တို့ကြောင့် အ္တရာယ်များ မကျရောက်စေရန် အတွက် ရှောင်သင့်သည်တို့ကို ရှောင်ရန်နှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ နေ့အပူချိန်မြင့်မားနေသည့် ကာလ အတွင်း ကိုယ်ခံအားနည်းသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ နေ့လယ်နေ့ခင်းအချိန်များ တွင် အရိပ်ရအေးမြသည့်နေရာများ၌ နားနေရန်၊ ပူပြင်းသည့်နေရောင် အောက်တွင် ပင်ပန်းသည့်အလုပ်၊ ကိုယ်ကာယအင်အားသုံးရသည့် လှုပ်ရှားမှုများမပြုလုပ်ရန်၊ မဖြစ်မနေသွားရပါက အရိပ်လုံလောက်စွာရ သည့် ထီး၊ ဦးထုပ်တို့ ယူဆောင်အသုံးပြုရန်နှင့် အရိပ်အောက်တွင် မကြာ မကြာ အနားယူရန်၊ နေပူမှပြန်လာပြီး အအေးခန်းများ၊ အဲယားကွန်းခန်း များသို့ ချက်ချင်းဝင်ခြင်း၊ ရေချိုးခြင်း၊ လွင်တီးခေါင်များ၊ မြစ်ကမ်းနား ရေချိုး ဆိပ်များ၌ နေပူပြင်းချိန်တွင် အဝတ်လျှော်ရေချိုးခြင်း၊ အရက် သေစာ သောက်စားခြင်းတို့ကို ရှောင်ကြဉ်ကြရန်လည်း ကျန်းမာရေး ဆိုင်ရာ အကြံပြုချက်များရှိသည်။


ဥတုသပ္ပါယမျှတစွာ နေထိုင်ခြင်း၊ အစားအစာအာဟာရတို့ကို ကျန်းမာရေးနှင့်အညီ စားသုံးခြင်းတို့ဖြင့် အသက်ရှည်ကြာ အနာမဲ့စွာ မိမိတို့၏ ရုပ်နမ်ခန ̈ာကို စောင့်ရှောက်နိုင်ကြပါစေကြောင်း။ မြန်မာ့အလင်း