နေပြည်တော် ၆ ဒီဇင်ဘာ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာရှိ အမျိုးသမီးတစ်ဦးအား အဓမ္မမှုကျူးလွန်ခဲ့သည့် စစ်သည် သုံးဦးအား အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စတင်စစ်ဆေးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဦးဂါကျေးရွာနေ အမျိုးသမီးတစ်ဦးအား အဓမ္မကျူးလွန်မှု ဖြစ်ပေါ်ခဲ့သည့် တရားခံစစ်သည် သုံးဦးအား ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ မှ ၁၁ နာရီ ၁၀ မိနစ်အထိ စစ်တွေတပ်နယ်၌ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စတင်စစ်ဆေးခဲ့ကြောင်း၊ စစ်တရားရုံးအား ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေးခြင်းဖြစ်၍ ဆင့်ခေါ်ထားသည့် တရားလိုနှင့် သက်သေများ၊ တရားရုံးရှေ့နေများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင်အမျိုးသမီးကွန်ရက်မှ လေ့လာသူများလည်း တက်ရောက်ခဲ့ကြကြောင်း၊ စစ်တရားရုံးမှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး တရားခံများအား ပြစ်ဒဏ်ချမှတ်မှုကို အတည်ပြုအာဏာပိုင် လက်မှတ်ရေးထိုးပြီးပါက ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်