ဦးပြည့်စုံနှင့် ရုပ်ရှင်စကားဝိုင်း

၇  နိုဝင်ဘာ

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

_၅-၁၁-၂၀၁၉ မှအဆက်

ကြည်စိုးထွန်း ။ ။ ကျွန်တော်တို့ “ဗုဒ္ဓဝင်” ဆိုတဲ့ ဟာမျိုးလည်း ရိုက်တယ်။ အဲဒီကနေ သမိုင်းတွေကို ရိုက် တယ်။ သမိုင်းတွေရိုက်တော့ ကျွန်တော်တို့ ကလေးဘဝအထိအောင် ဘာတွေကြည့်ရလဲ ဆိုတော့ သမိုင်းကားတွေပေါ့။ ခင်မောင်ရင် ဆိုရင် ‘မိုးခေါင်ကျော်စွာ’ တို့ ဘာတို့ ရိုက် တယ်။ မှတ်မိတယ်။ အဲဒီသမိုင်းကားတွေ အကြောင်း ပြောပါဦးဆရာ။

ဦးပြည့်စုံ ။ ။ သမိုင်းကို များများ ရိုက်ခဲ့တာက ဦးဘဇင်ပဲ။ သူက ထူးဆန်းတာကလည်း သူ့ဇာတ် ညွှန်းက အင်္ဂလိပ်လို ရေးတာ။ သူ့ဇာတ်ညွှန်း ကို သူများခိုးကြည့်လို့မရအောင် လုပ်တာ။ ဦးဘသာကြီးဆိုရင် ပိုတောင်တော်သေး တယ်။ သူက ဇာတ်ညွှန်းကို မရေးဘူး။ စီးကရက်ဘူးပေါ်မှာ အတိုချုပ်ရေးပြီးတော့ အဲ့ဒါကို ဆက်တာ။

ကြည်စိုးထွန်း ။ ။ သူတို့က အတတ် ပညာကလည်း တတ်နေတော့။

ဦးပြည့်စုံ ။ ။ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ညစ်တာကိုး။ ဇာတ်လမ်း ကူးယူမှာစိုးလို့။ မြန်လည်း မြန်တယ်လေ။ ဇာတ်လမ်းစိစစ်ရေးမယူ ဘာမယူ။ အခု ကောက်ရိုက်၊ အခုထွက်လာတာကိုး။ အဲဒီလို ဖြစ်နေတော့ လျှို့ဝှက်ထားရတာ။

ကြည်စိုးထွန်း ။ ။ ကျွန်တော် ကြားဖူး တာ“ပန်းပဲမောင်တင့်တယ်” ထင်တယ်။ နှစ်ကားပြိုင်သွားတာ။

ဦးပြည့်စုံ ။ ။ “ပန်းပဲ မောင်တင့်တယ်” ဆိုတာက အဲဒီအတိုင်းပဲပေါ့။ ဒဂုဏ်ပ ဦးဘတင်က “ပန်းပဲ မောင်တင့်တယ်” ရိုက်နေတုန်း ဟိုက “ဝေါ် လတာချစ်ထွန်း” ပေါ်လာတယ်။ “ဝေါ်လတာ ချစ်ထွန်း” က ချောသွားတော့ စားရတာပေါ့။ ဒါရိုက်တာ ဦးပါကြီးရိုက်တာ။

ကြည်စိုးထွန်း ။ ။ သိုက်သမိုင်း ကားတွေ က ကျွန်တော်တို့ တော်တော်လေး အရွယ်ရောက်တဲ့ထိကို ခေတ်စားတယ် ဆရာ။ ဆိုပါတော့ ဟိုတုန်း ကဆို မင်းသား မင်းသမီးတောင် ဒီလောက် အရေးမကြီးဘူး။

ဦးပြည့်စုံ ။ ။ တော်ကီ ခေတ်မှာ “စောင်းတော်ရှင်” ကတော်တော်ကောင်းတာ။ နတ်သမိုင်းကားပဲ။

ကြည်စိုးထွန်း ။ ။ ဆရာ ရေးထားတဲ့အထဲမှာ ကျွန်တော်တွေ့ဖူးတာ စောင်းတော်ရှင်ထဲမှာ (un-derwater) ရေအောက်ရိုက်ချက်တွေပေါ့နော် ဆရာ။

ဦးပြည့်စုံ ။ ။ အဲ့ဒါ Camera Tricks ပေါ့။ အခုလို ဘယ်ဟုတ်မလဲ။ ရှေ့ကနေ ငါးကန်လေးခံထားပြီးတော့ ရိုက်တာပေါ့။ လူက စက်သီးကြိုးနဲ့ ဆင်းလာ တာက သတ်သတ်။ ငါးကန်ကို ခံရိုက်တာက သတ်သတ်။ အဲ့ဒီလို နှစ်ခုထပ်လိုက်တာ။ တစ်ခါတလေကျ Direct Shot တောင် ရိုက်တာ။

 

c2

 

ကြည်စိုးထွန်း ။ ။ အဲဒီ ဒါရိုက်တာက။

ဦးပြည့်စုံ ။ ။ ဦးလွန်းဖေလေ ကင်မရာ မင်းဘဝကနေလာတာ။

ကြည်စိုးထွန်း ။ ။ ဒါကြောင့်မို့လို့ သူက Camera Tricks တွေကို ဝါသနာပါတာပေါ့။

ဦးပြည့်စုံ ။ ။ သူက တော်တော်တော် တာ။

ကြည်စိုးထွန်း ။ ။ အဲဒါဆို Camera Tricks နဲ့ ပတ်သက်လို့ရှိရင် ဦးလွန်းဖေက ချန်ပီယံပဲပေါ့နော် ဆရာ။ ဦးလွန်းဖေက ကုမ္ပဏီထောင်တယ်နော် ဆရာ။

ဦးပြည့်စုံ ။ ။ ဟုတ်တယ် ဆွေဗမာ။

ကြည်စိုးထွန်း ။ ။ ကိုဌေးအောင်တို့ ဆွေ ဗမာ။ ဆွေဗမာလည်း အများကြီး ကြည့်ဖူးတယ် ဆရာ။ ဆွေဗမာက ဒေါ်ခင်လေးဆွေတို့ ကားတွေပေါ့နော်။

ဦးပြည့်စုံ ။ ။ ခင်လေးဆွေက မင်းသမီး သူ တင်ခဲ့တာပေါ့။ ဒိုက်ဦးက။

ကြည်စိုးထွန်း ။ ။ နောက်တစ်ခုက ကျွန် တော်တို့ အသံတိတ်ခေတ်မှာ နာမည်ကြီးတဲ့ ကုမ္ပဏီတစ်ခု ရှိတယ် ဆရာ။ အဲ့ဒါကတော့ ပဲရော့ရုပ်ရှင် ဆရာ။

ဦးပြည့်စုံ ။ ။ ပဲရော့က ခင်မေလေးတို့ လက်စွဲပေါ့။

ကြည်စိုးထွန်း ။ ။ ပဲရော့ ရုပ်ရှင် အကြောင်း နဲ့ အဲဒီက ဒါရိုက်တာတွေအကြောင်း ပြောပါဦးဆရာ။

 

c7

 

ဦးပြည့်စုံ ။ ။ ပဲရော့ကတော့ နိုင်ငံ ရေးကား ရိုက်တာများတာကိုး။ ၃၆ ကောင်ကို အရင် ရိုက်တာ။ တစ်ပြည်လုံးက ၃၆ ကောင်ကို ထိုးကြတော့ “ထမင်းအိုးပေါင်၊ ဟင်းအိုးပေါင် ၃၆ ကောင် ထိုးရအောင်” ဆိုတာ ဟုတ်လား။ ဒါက ဘုရင်ခံက လုပ်သွားတာ။ ကောလိပ် ကြီးကို ဆောက်ဖို့ ရန်ပုံငွေမရှိတော့ ရန်ပုံ ငွေရှာတာ။ တရုတ်တွေခေါ်ပြီးတော့ လောင်းကစားဝိုင်းတွေ လုပ်ခိုင်းတာ။ တစ်ပြည်လုံးအနှံ့လုပ်တယ်။ အဲဒါနဲ့ ဦးဆန်နီ ကနေစပြီးတော့ ၃၆ ကောင် ရိုက်တော့ ဒီ ဦးဘသာက ဒါရိုက်တာ ဆားဘထွန်းရဲ့ သူငယ်ချင်း။ ဒါပေမယ့် သူက မက္ကင်းနစ်ဗျ။ အမှန် မော်တော်ကားပြင်တဲ့လူ။ ဦးဆန်နီက လည်း ကားတွေထောင်ထားတော့ အဲဒီကနေ ဒါရိုက်တာ သူလုပ်တတ်ပါတယ်ဆိုပြီး စလုပ် တာ။ မက္ကင်းနစ်ကနေ ဒါရိုက်တာလုပ်တာ ဖြစ်တာပဲ။ သူကလည်း နတ်ကားရိုက်တာ ဗျတ်ဝိ ဗျတ္တဆို အလွန်ကောင်းတာပေါ့။

ကြည်စိုးထွန်း ။ ။ ဦးကျော်ဖေ တို့လား မသိဘူး။

ဦးပြည့်စုံ ။ ။ မဟုတ်ဘူးလေ။ ကျော်ဖေ မဟုတ်တော့ဘူး။ ဟိုတုန်းက တင်ဆွေနဲ့၊ တင်ဖေနဲ့ ထင်တယ်။ ဗျတ်ဝိဗျတ္တက သူကလည်း လွယ်တယ်လေ။ ဘုရား‌ဈေးမှာ ဂူတာဂူရီဆိုတာ ခြောက်ပြား ခြောက်ပြားနဲ့ ရောင်းတာ။ သွားဝယ်ပြီးတော့ ဒါကြည့်လိုက်တာ။

ကြည်စိုးထွန်း ။ ။ ဪ- ဇာတ်လမ်း ဇာတ်လမ်း။

ဦးပြည့်စုံ ။ ။ ဇာတ်လမ်းကို အဲဒီလို လုပ်တာ။ သူတို့ခေတ်ကလည်း Genius ပဲ။ ဦးဘရှင်တို့ဆို Play-back တိုက်တာလေ။ တောင်တောင် တောင်နဲ့ ဒီလိုလုပ်လိုက်ရင် ကိုက်သွားရော။ အဲ့လောက်တော်တာ။

ကြည်စိုးထွန်း ။ ။ ပါးစပ်ပေါက်နဲ့ အရုပ် နဲ့ ကိုက်တာ။ နောက်ပဲရော့ရုပ်ရှင်ရဲ့ ထူးခြားချက်ပေါ့ ဆရာ။ ကျွန် တော်သိရတာ။ သူ့ရဲ့ သားက ပဲရော့ ဦးဖေကြိုင်။

ဦးပြည့်စုံ ။ ။ ဦးဖေကြိုင်က တော် တော် နောက်ကျတယ်။စစ်ဖြစ်ခါနီးကျမှ တစ်ကားပဲ ထွက်တယ်။ မေမြနဲ့ ဘမြင့်။

ကြည်စိုးထွန်း ။ ။ နောက် ထူးခြားတာက ပဲရော့ ဖေကြိုင်ရဲ့ ဇနီးနဲ့ တူတယ်။ အမျိုးသမီးဒါရိုက်တာ ဒေါ်မြမြဆိုတာ မင်းသားစိုးနိုင်တို့ရဲ့ အမေပေါ့။ ပဲရော့ရုပ်ရှင်နဲ့ ပတ်သက်ပြီး ထူးခြားချက်ပေါ့လေ။ နောက်ပိုင်းကျတော့ ပဲရော့ရုပ်ရှင်က ပြည်ကျော်ရုပ်ရှင်ဆိုပြီး ပြောင်းသွားတယ်။ အဲဒါကတော့ အသံတိတ် ခေတ်မှာ ကြီးစိုးခဲ့တဲ့ ကုမ္ပဏီကြီးတွေပေါ့နော် ဆရာ။ နောက်တစ်ခါ ထူးထူးခြားခြား ကုမ္ပဏီ တစ်ခု ကျွန်တော်သွားတွေ့တယ် ဆရာ။ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီကုမ္ပဏီကတော့ ကျွန်တော်တို့ ဒီရုပ်ရှင်လောကကို ဆေးရောင် စုံတွေဖြစ်အောင်၊ မြင်ကွင်းကျယ်တွေဖြစ် အောင် ဦးဆောင်ခဲ့တဲ့ ကုမ္ပဏီပါ ဆရာ။ ဆရာ သိပါတယ်။ အဲ့ဒါဆိုရင်။ ရန်ကုန်ရုပ်ရှင် ပေါ့။

 

c3+++

 

ဦးပြည့်စုံ ။ ။ ဒါပေမယ့် သူ့ထက် စော တာက ရန်အောင်ဖလင်း ဆိုတာက ၁၆ မီလီမီတာကို ဆေးရောင်စုံနဲ့ တင်ဖေတို့ ဘာတို့ လုပ်ကြတယ်။ အဲဒါ အရင် လာတာ။ နောက်မှ ရန်ကုန်ရုပ်ရှင်က ၃၅ သွင်း တာ။

ကြည်စိုးထွန်း ။ ။ ရန်ကုန်ရုပ်ရှင်က ၁၆ မီလီမီတာနဲ့ ဖိုးပါကြီး၊ ဖိုးပါလေး ကားတစ်ကား ကျွန်တော်ရတယ် ဆရာ။ “ပျို့ချစ်လင်” ဆရာ။

ဦးပြည့်စုံ ။ ။ သူတို့အမေ ဒေါ်ခင်မမ က မစ္စတာကုံးဆိုတာ မြူနီစီပယ်က အခွန်ဝန်ပေါ့ဗျာ။ အဲဒါ အေဝမ်းနဲ့ အမျိုးတွေပဲ သူတို့က ။ ဒေါ်ခင်ခင်က အဲဒီ ကို ရောက်သွားလို့ ဦးညီပုက စိတ်ဆိုးတာ ပေါ့။

ကြည်စိုးထွန်း ။ ။ ပထမဆုံး အမျိုးသမီး ကင်မရာမင်း ဒေါ်ခင်ခင်။ သူက ဘယ်လိုကြောင့် ကင်မရာမင်း ဖြစ်သွား ရတာလဲ ဆရာ။

ဦးပြည့်စုံ ။ ။ အဲဒီတုန်းက အေဝမ်းမှာ အလုပ်သမားတွေ သပိတ်မှောက်တော့။

ကြည်စိုးထွန်း ။ ။ အေဝမ်း မဖြစ်သေးဘူး ပေါ့ ဆရာ။ မြန်မာအဆွေ ဖြစ်မှာပေါ့။

ဦးပြည့်စုံ ။ ။ ပျို့ချစ်လင် ကလည်း အသံတိတ် ဆေးရောင်စုံပဲ။

ကြည်စိုးထွန်း ။ ။ အသံတိတ် ဆေးရောင်စုံ ၁၆ ဆရာ။ အဲဒါလေး နည်းနည်းထူးခြားတာပေါ့နော်။ နောက်တစ် ခါကျတော့ “ချစ်ခဲ့တာ အမှန်ပါပဲ”။

ဦးပြည့်စုံ ။ ။ အဲဒါကတော့ ၃၅ ဖြစ် သွားပါပြီ။ ရန်ကုန် ရုပ်ရှင်က ကိုစံလွင်တို့ ညီအစ်ကိုတွေက တော်တယ်။ ကိုစံလွင်က ကင်မရာမင်း၊ ရုပ်ချောတယ် သူက။ ဦးမြဟန်က ပလေဒီယမ်ရုံ မန်နေဂျာ။

ကြည်စိုးထွန်း ။ ။ ညီအစ်ကိုလေးယောက် ထင်တယ် ဆရာ။ သူတို့အမေက ဦးစီးတာထင်တယ်။

ဦးပြည့်စုံ ။ ။ မြန်မာအဆွေမှာ သပိတ် မှောက်တော့ ဦးညီပုက ထုံးစံအတိုင်းလေ။ ညီအစ်ကို မောင်နှမ တွေ ဦးစီးကြဆိုပြီး၊ လုပ်ကြဆိုပြီး လုပ်ကြ တာ။

ကြည်စိုးထွန်း ။ ။ လုပ်တော့ အဲဒီမှာ ဒေါ်ခင်ခင်က ကင်မရာမင်းလုပ်ရော။ အရပ်က ပုတယ်ဆို ဆရာ။

ဦးပြည့်စုံ ။ ။ သူက တော်တော်ပုတာ ဒေါ်ခင်ခင်က။ ပုတော့ ခုံလေးခုပြီးတော့ နောက်မော်တာတပ်ပေးတာ။

ကြည်စိုးထွန်း ။ ။ ဪ- မော်တာနဲ့လား။ လက်လှည့် မဟုတ်တော့ဘူးလား ဆရာ။

ဦးပြည့်စုံ ။ ။ လက်နဲ့ဆို အပတ်က မမီရင် ခုန်ဆွ ခုန်ဆွဖြစ်နေမယ်။

ကြည်စိုးထွန်း ။ ။ သူက ဦးဘကလေးရဲ့ ဇနီးနော် ဆရာ။

ဦးပြည့်စုံ ။ ။ ဦးဘကလေးရဲ့ ဇနီးဟုတ်တယ်။ ဦးဘကလေးဆိုတာက ပုသိမ်က၊ ဦးဘကြီးဆိုတာ က မြန်မာအဆွေက။ ကျွန်တော့်ညီ တစ်ယောက်ရှိတယ်။ ပုံဆွဲတတ်တယ်။ ခေါ်လာမယ်ဆိုပြီး သူ့ကို ကြော်ငြာဘက်ကို ပေးတာ။ အဲဒါ နောက်တော့ ဒေါ်ခင်ခင်နဲ့ ကြိုက်သွားတာပေါ့ဗျာ။ ဦးဘကလေးက တော်ပါတယ်။ လူချောလည်း လူချော။ နောက်ဖေးအိမ် ပြိုကျရာကနေပြီးတော့ ခါးရိုးကျိုးသွားတယ်။ နောက်တော့ ရူးသွားတယ်။

ကြည်စိုးထွန်း ။ ။ ဇာတ်သိမ်း မကောင်းဘူးပေါ့ ဆရာ။ အသံတိတ်ခေတ်မှာ ထူးခြားတဲ့ကားတွေ၊ ဆရာငယ်ငယ်တုန်းက စွဲတဲ့ကားတွေရှိရင် ပြောပြပေးပါဦး ဆရာ။

ဆက်လက်ဖော်ပြပါမည် -

 

c14

 

c13

 

c11