ရန်ကုန် ၂၀ ဒီဇင်ဘာ
Vivo မှ နောက်ဆုံး ထုတ်လုပ်လိုက်သည့် စွဲမက်ဖွယ်ရာ ပုံစံဒီဇိုင်းနှင့် ဆင့်မြင့်ဆုံး ဖန်တီးထားသည့် Vivo S1Pro ကို မြန်မာနိုင်ငံဈေးကွက်တွင် မကြာမီအချိန်၌ မိတ်ဆက်တော့မည်ဖြစ်ကြောင်း သိရသည်။ Vivo S1Pro ကို ဒီဇင်ဘာ ၂၃ ရက်နေ့တွင် Pre-Order စတင်လက်ခံမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တရားဝင် မိတ်ဆက်မည်ဖြစ်ကြောင်း Vivo Mobile Myanmar Co., Ltd မှ သိရသည်။

Vivo အနေဖြင့် ယခုအခါ ပြိုင်ဖက်ကင်း ပုံစံဒီဇိုင်းနှင့်အတူ တမူထူးခြားသော စိန်ပွင့်ပုံစံ ဖန်တီးပုံဖော် ထားသည့် နောက်ကျောပြင် ကင်မရာ ၄ လုံးဖြင့် ဖန်တီး ထုတ်လုပ်ထားပြီး Vivo S1Pro ရဲ့ ထူးခြားတဲ့ စိန်ပွင့်ပုံစံ နောက်ကျောပြင် ကင်မရာစနစ်တွင် AI စနစ်သုံး 48 MP (f/1.8) ပင်မကင်မရာနှင့် 8MP (f/2.2) မြင်ကွင်းကျယ်ကင်မရာ၊ 2MP (f/2.4) Macro ကင်မရာနှင့် 2MP (f/2.4) Depth Sensor ကင်မရာ (၄) ခု တပ်ဆင်ပေးထားသည်။
ထို့အပြင် Vivo ၏ Signature Photography နည်းပညာ နှင့် စွမ်းရည်မြင့် ဆော့ဖ်ဝဲလ်များ ထည့်သွင်း ထားသောပြီး ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားကာ မျက်နှာပြင် အောက်၌ လက်ဗွေလုံခြုံရေးစနစ်တို့ ပါရှိသည်။

Multitasking နှင့် Gaming လုပ်ဆောင်ချက်များ လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် စွမ်းရည်မြင့် Snapdragon 665 ပရော်ဆက်ဆာနှင့်အတူ 8GB RAM (မှတ်ဉာဏ်) နှင့် 128GB ROM (သိုမှီးမှုပမာဏ) တို့တပ်ဆင် ပေးထားသည်။ ထို့အပြင် Multi Turbo စနစ်ပါရှိမှုကြောင့် အထူးကောင်းမွန်သည့် ဂိမ်းဆော့မှု အတွေ့အကြုံကို ရရှိခံစားနိုင်မည်လည်းဖြစ်သည်။ Voice Changer နည်းပညာလည်း ပါရှိသဖြင့် ဂိမ်းကစားချိန်အတွင်း ပျော်ရွှင်တက်ကြွမှုကို အပြည့်အဝ ယူဆောင်ပေးနိုင်ပြီး အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုလည်း အကာအကွယ်ပေးထားမည် ဖြစ်သည်။ Vivo S1 Pro ၏ ဘက်ထရီမှာ 4500mAh ပမာဏရှိပြီး Dual-Engine Fast Charging နည်းပညာ အသုံးပြုထားသဖြင့် လျှင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်ပြီး Pre-order အချိန်အတွင်း မှာယူသူများအနေဖြင့် လည်ပင်း အနှိပ်စက်ကို စတင်ရောင်းချသည့်နေ့တွင် လက်ဆောင်ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
အရောင်အနေဖြင့် Mystic Black (အနက်) နှင့် Dreamy White (အဖြူ) အရောင်ပြေး ကာလာ ၂ မျိုး ရှိပြီး ခန့်မှန်းဈေးနှုန်းမှာ ငွေကျပ် ၄ သိန်းမှ ၅ သိန်း အထိရှိသည်။
MDN