နေပြည်တော် ၁၀ ဇူလိုင်
MRTV Channel ၏ High Definition (HD) စနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲထုတ်လွှင့်မှု တွင် Graphic ဆိုင်ရာ လုပ်ဆောင်ချက်များ အဆင့်မြှင့်တင်နိုင်ရန်အတွက် Vizrt Software အသုံးပြုသည့် မွမ်းမံသင်တန်းကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့ ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ပြုလုပ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ထုတ်လွှင့်မှုများကို Standard Definition(SD) စနစ်မှ High Definition(HD) စနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲမှုကို ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော သတင်းစာသားများ Lower Third ထိုးခြင်း၊ Ticker ပြေးခြင်း စသည့် Graphic ဆိုင်ရာ ဆောင်ရွက်ချက်များ အဆင့်မြှင့်တင်ရန်အတွက် Vizrt Software အသုံးပြုရသည့် မွမ်းမံသင်တန်းကို ထိုင်းနိုင်ငံ Vizrt ကုမ္ပဏီမှ ပညာရှင်မစ္စတာနမ်ပေါင်း က Online မှတစ်ဆင့် ဆက်သွယ်ပို့ချခြင်း ဖြစ်သည်။
အဆိုပါ သင်တန်းကို ဇူလိုင် ၉ ရက်ထိ နှစ်ရက်တာ ပို့ချခဲ့ပြီး သင်တန်းကို MRTV ရှိ Post – Production ဌာနစိတ်နှင့် စက်မှုဌာနစိတ်မှ ဝန်ထမ်း(၁၅)ဦး တက်ရောက်လျက် ရှိပြီး Vizrt ကုမ္ပဏီအနေဖြင့် MRTV ၏ သတင်းခန်း အဆင့်မြှင့်တင်နိုင်ရန်အတွက် Video, Audio, Switcher နှင့် Mixer ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများကိုလည်း Face to Face သင်တန်းအပြင် လိုအပ်ပါက Online ဖြင့် ပို့ချရန် ဆက်လက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


