ဧပြီ ၂၆
MRTV-4 Channel တွင် ထုတ်လွှငြ့်ပသနေသော The Voice Myanmar သီချင်းဆိုပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်များကို အားပေးသူ ပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာ ပြိုင်ပွဲဝင်များကို အွန်လိုင်းကနေတစ်ဆင့် မဲပေးနိုင်ကြောင်းသိရပြီး မဲပေးရမည့် စနစ်သစ်ကို ထုတ်ပြန်ကြေညာလိုက်သည်။
မဲပေးသူများသည် MPT ကို အသုံးပြုနေသူများသာ ပေးရမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် လာမည့် တိုက်ရိုက် သီဆိုယှဉ်ပြိုင်မှုပွဲစဉ်များကို အွန်လိုင်း Web Portal ဖြစ်သည့် thevoice.mptvote.com မှတစ်ဆင့် မဲပေးနိုင်ကြောင်း ယခုလ ၂၉ ရက် မှ ဇွန်လ ၃ ရက်နေ့အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် ကျင်းပသွားမည့် The Voice Myanmar ၏ တိုက်ရိုက်သီဆို ယှဉ်ပြိုင်မှု ပွဲစဉ်တွင် ပြိုင်ပွဲဝင်၂၄ ဦး ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
MPT သည် ပရိသတ်များက မိမိနှစ်သက်သဘောကျသည့် အဆိုတော်ကို thevoice.mptvote.com အွန်လိုင်း Web Portal မှ မဲပေးနိုင်ရန်အတွက် မိမိသုံးစွဲသလောက်သာ ကျသင့်မည့် Pay As You Go (PAYG) (သို့မဟုတ်) လွယ်ကူစွာ အသုံးပြုနိုင်မည့် Voting Pack များကို ရွေးချယ်နိုင်ရန် ပြုလုပ်ပေးထား ပါသည်။ PAYG ကို ရွေးချယ်ထားသည့် သုံးစွဲသူများအနေဖြင့် တစ်မဲလျှင် ၁၆ ကျပ်နှုန်းဖြင့် Live ပြိုင်ပွဲတစ်ခုလျှင် အများဆုံး ၃ ကြိမ်အထိသာ မဲပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်သည့် အဆိုတော်ကို မဲပေး နိုင်ရန်အတွက် Voting Pack ကိုလည်း MPT မှ မိတ်ဆက်ပေးထားပါသည်။ ထို Voting Pack သည် သုံးစွဲသူများ စိတ်ကြိုက် မဲပေးနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး မဲ (၂၀) အတွက် ၃၁၅ ကျပ် (ကုန်သွယ်ခွန်ပါပြီး) သာ ကျသင့်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် Voting Pack များကို ပြိုင်ပွဲတစ်လျှောက်လုံး အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုလင်း