နေပြည်တော် ၄ သြဂုတ်
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) နှင့် (C)တို့၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးသည်။

ယနေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ပါကစ္စတန်အသင်းနှင့် ဘာရိန်းအသင်း၊ သီရိလင်္ကာအသင်းနှင့် မြန်မာအသင်း၊ တရုတ်တိုင်ပေအသင်းနှင့် ကာတာအသင်း၊ ထိုင်းအသင်းနှင့် တရုတ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဗီယက်နမ်အသင်းနှင့် ကာဇက်စတန်အသင်း၊ အိန္ဒိယအသင်းနှင့် နယူးဇီလန်အသင်း၊ ဂျပန်အသင်းနှင့် ဆော်ဒီအာရေးဘီးယားအသင်း၊ ဟောင်ကောင်အသင်း နှင့် သြစတေးလျအသင်းတို့ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကို သြဂုတ် ၃ ရက်မှ ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့်(C)တို့၌ နေ့စဉ်နံနက် (၁၁)နာရီအချိန်မှ စတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)