ဟိုပန်အောက်တိုဘာ ၂၉
 
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်လုံမြို့ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ကျင်းပရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်နှင့် တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားကြပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌသည် ပန်လုံမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး  ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ လူနာကုသဆောင်များ  ပြင်ဆင်ဆောင်ရွက်နေမှု၊  ပန်လုံမြို့ သောက်သုံးရေဖူလုံမှုရှိစေရေး ပြန်လည်ပြင်ဆင်ဆောင် ရွက်မည့်ကြာကန်၊ စည်ပင်သာယာဈေးနှင့် အမက(နမ့်ခူရှဲ)၊ ချိန်ဟုန်ကျိုင်းလမ်း ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် အားဟိုပါး လမ်းကတ္တရာခင်းခြင်းလုပ်ငန်း၊ ဟိုပန်-ပန်လုံ-မိုင်းမော လမ်း ပေါ်ရှိ ကတ္တရာခင်းခြင်းလုပ်ငန်း၊ သံကူကွန်ကရစ်ဖြင့် မြေကာနံရံတည်ဆောက်ခြင်း လုပ်ငန်း များ၊ အမကမူလွန် လီရှော (ပန်ကောက်)ကျောင်း၌ (၆၀’×၃၀’ )Steel Structure တစ်ထပ် ဆောက်လုပ်နေမှု၊  ဖာလင်(ရွာမ)စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းနှင့် ဖာလင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်