တောင်သာ  ၂၁  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ဝဲလောင်-ကြီးပင်တဲ-နဂါးဗိုလ်လမ်းပေါ်ရှိ ဘေလီတံတား (၈ဝ ပေ) တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြွယ်ကြွယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ဘေလီတံတားကို  ပြည်ထောင်စုအစိုးရဘဏ္ဍာငွေ (ပြင်/ထိန်း)မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင်  ၁၂၈  ဒသမ ၂၅ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)က တာဝန်ယူ တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ တံတားကမ်းကပ်ခုံ (၂)ခုပြီးစီး၍ လုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း တံတားတည်ဆောက်ရေး အင်ဂျင်နီယာတာဝန်ခံ ဦးဝဏ္ဏ က ပြောသည်။

 

အဆိုပါတံတား တည်ဆောက်သည့်နေရာသည် ယခင်က ကားကြီးများ ဖြတ်သန်း၍မရသော တံတားသာရှိခဲ့ပြီး ယခင်နှစ် မိုးများသောအချိန်တွင် တံတားပြတ်၍ပါသွားခဲ့ကြောင်း သိရသည်။

 

ဥဩသံ(တောင်သာ)