နေပြည်တော် ၁၃ မတ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နှစ်စဉ် ရေပြတ်လပ်မှုဖြစ်နိုင်ခြေရှိသော ကျေးရွာများအား ကြိုတင်စာရင်း ကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့် သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးရန်အတွက် အစီအစဉ်များ ကြိုတင်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေပြတ်လပ်မှုများအား ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သက်ဆိုင်ရာကျေးရွာများသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ဖြန့်ဝေထားပြီးဖြစ်သည့်အတွက် သောက်သုံးရေရှားပါးမှုဖြစ်ပေါ်ပါက (ဖုန်း၊ Facebook ၊ Viber ၊ Messenger) မှလည်း သတင်းပေးပို့နိုင်ကြောင်း အသိပေးထားပြီး ဖြစ်ပါသည်။
နွေရာသီရေပြတ်လပ်မှုဖြစ်ပေါ်ပါက ချက်ချင်းတုံ့ပြန်နိုင်စေရန်နှင့် အချက်အလက်များ အချိန်နှင့် တပြေးညီ သိရှိနိုင်စေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် www.water-donation.com website ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ Website တွင် လက်ကိုင်ဖုန်းများ ၌ အသုံးပြုနိုင်သော Water -Donation Myanmar Mobile Application အား(၁၅.၃.၂၀၂၀)၇က်နေ့မှ စတင်၍ ထုတ်ပြန်သွားမည်ဖြစ်ပါသဖြင့် ယင်း Application ကို ဖော်ပြပါ Website နှင့် Google Play Store တို့မှ အလွယ်တကူ ရယူအသုံးပြုနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန