ကျိုက်မရော ၁၅ စက်တင်ဘာ
ကျိုက်မရောမြို့အဝင် ခြောက်မိုင်လမ်းဆုံတွင် အပန်းဖြေစရာကမ်းခြေတစ်ခုကို ယနေ့ မွန်းလွဲပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ water world မော်လမြိုင် အပန်းဖြေစခန်းတွင် ရေလွှာလျှောစီးကစားခြင်း၊ ရေလှိုင်းကြီးများ အပျော်စီးခြင်း၊ ရေကူးရန်အတွက် ရေကူးကန်များ၊ ကလေးများ ဆော့ကစားရန် ရေလွှာလျှောများလည်း ပါဝင် သည်။
ထို့အပြင် ရေကူးခြင်း လှိုင်းစီးခြင်းများအတွက်လည်း အသက်ကယ်အင်္ကျီများ အလုံအလောက်ထားရှိခြင်း၊ ပင်လယ်ကမ်းခြေ အစစ်ကဲ့သို့ ဖန်ဆင်းထားကြောင်း သိရသည်။
ဝင်ကြေးအနေဖြင့် လူကြီး ကျပ် ၅၀၀၀ နှင့် ကလေး ကျပ် ၃၀၀၀ ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော)