မန္တလေး၊ ၃ ဒီဇင်ဘာ
Wave Money အကောင့်အသုံးပြုသူတို့၏ ခွင့်ပြုချက်မပါဘဲ ငွေများထုတ်ယူခြင်းခံရသူများအား ငွေပြန်ဖြည့်ပေးခဲ့ပြီး အဆိုပါကိစ္စအား ဗဟိုဘဏ်သို့ အကြောင်းကြားထားကြောင်း Wave Money မှ သိရသည်။
ပြီးခဲ့ရက်ပိုင်းအတွင်းက Wave Money အကောင့်မှ အကောင့်အသုံးပြုသူတို့၏ ခွင့်ပြုချက်မပါဘဲ ငွေထုတ်ယူခံရမှုများ ရှိခဲ့ကြောင်း Wave pay အကောင့်အသုံးပြုများထံမှ သိရသည်။
အဆိုပါထုတ်ယူသွားသော ငွေများအား Wave Money မှ အသုံးပြုသူများထံသို့ အလိုအလျောက်ပြန်လည် ဖြည့်ပေးခဲ့ပြီး အဆိုပါ အကောင့်များကိုလည်း ပြန်လည်ပြုပြင်ပြီး ထိုဖြစ်စဉ်မှ ထိခိုက်နစ်နာမှုရှိခဲ့သူများ အားလုံးကိုလည်း တောင်းပန်ခဲ့ကြောင်း သိရသည်။
အဆိုပါအကြောင်းကိစ္စနှင့် ပတ်သက်၍ Wave Money အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ အကြောင်းကြား တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
ယခုဖြစ်ပေါ်လျက်ရှိသော နည်းပညာဆိုင်ရာ အခက်အခဲအတွက် အဖြေရရှိရန် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဥပဒေရေးရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည်များအား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Wave Money မှ ထုတ်ပြန်ထားသည်။
မေသက်ထား


